Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 9:4

Judson Bible

ပ​ရိ​ယာယ်​ပြု၍ သံ​တ​မန်​လုပ်​လျက်၊ မြည်း​ပေါ်​မှာ ဟောင်း​နွမ်း​သော​အိတ်​တို့​ကို​တင်၍၊ ဟောင်း​နွမ်း​စုတ်​ကွဲ​ဖာ​ပြင်​သော စ​ပျစ်​ရည်​သား​ရေ​ဘူး​တို့​ကို ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်၏​သား​တို့​သည်၊ နှ​မ​ဒိ​န​ကို ရှေ​ခင်​မင်း​သား​ရှုတ်​ချ​သော​အ​ကြောင်း​ကို ဆင်​ခြင်၍၊ မင်း​သား​နှင့်​အ​ဘ​ဟာ​မော်​ကို ပ​ရိ​ယာယ်​ဖြင့်​ပြန်​ပြော​သည်​မှာ၊

မီး​ခိုး၌​ရှိ​သော သား​ရေ​ဘူး​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-

၎င်း​နည်း ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင်၊ သား​ရေ​ဘူး​သည် စုတ်​ကွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​လေ့​ရှိ၏။ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး​ဟု မိန့်​တော်​မူ၏။-

၎င်း​နည်း​ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့် စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်​ဟု မိန့်​တော်​မူ၏။

မ​တ​ရား​သော ထို​ဘ​ဏ္ဍာ​စိုး​သည် လိ​မ္မာ​စွာ​ပြု​သည်​ကို သ​ခင်​သည် ချီး​မွမ်း​လေ၏။ အ​ကြောင်း​မူ​ကား၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ရာ​တွင်၊ အ​လင်း​သို့​ရောက်​သော​သူ​တို့​ထက် သာ၍ လိ​မ္မာ​ကြ၏။-

ကိုယ်​တော်​ထံ​သို့ ရောက်​အံ့​သော​ငှာ ထွက်​လာ​သော​နေ့၌ ခ​ရီး​ရိ​က္ခာ​ဖို့ ကိုယ်​အိမ်​မှ​ဆောင်​ယူ​ခဲ့​သော ဤ​မုန့်​သည် ပူ​နွေး​လျက်​ရှိ​ပါ၏။ ယ​ခု​ကြည့်​ပါ။ အောက်​လျက် မှို​တက်​လျက်​ရှိ​ပါ၏။

စ​ပျစ်​ရည်​ပြည့်​သော ဤ​သား​ရေ​ဘူး​တို့​သည် အ​သစ်​ဖြစ်​သော်​လည်း၊ ယ​ခု​ကြည့်​ပါ စုတ်​ကွဲ​လျက်​ရှိ​ပါ၏။ ဤ​အ​ဝတ် ဤ​ခြေ​နင်း​တို့​သည်​လည်း အ​လွန်​ခ​ရီး​ဝေး​သော​ကြောင့် ဟောင်း​နွမ်း​ပါ​ပြီ​ဟု ပြန်​လျှောက်​ကြ၏။

ဂိ​ဗောင်​မြို့​သား​တို့​သည် ယေ​ရိ​ခေါ​မြို့၊ အာ​ဣ​မြို့၌ ယော​ရှု​ပြု​သော​အ​မှု​ကို ကြား​သော​အ​ခါ၊

ဟောင်း​နွမ်း​ဖာ​ပြင်​သော ခြေ​နင်း​ကို​စီး၍၊ ဟောင်း​နွမ်း​သော​အ​ဝတ်​ကို​လည်း ဝတ်​ကြ၏။ အောက်၍ မှို​တက်​လျက်​ရှိ​သော ရိ​က္ခာ​ကို​သာ​ဆောင်​ခဲ့​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ