Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 9:3

Judson Bible

ဂိ​ဗောင်​မြို့​သား​တို့​သည် ယေ​ရိ​ခေါ​မြို့၊ အာ​ဣ​မြို့၌ ယော​ရှု​ပြု​သော​အ​မှု​ကို ကြား​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် နေ​ရ​သား အာ​ဗ​နာ​သည် ရှော​လု​သား ဣ​ရှ​ဗော​ရှက်၏ ကျွန်​များ​နှင့်​တ​ကွ၊ မ​ဟာ​နိမ်​မြို့​မှ ဂိ​ဗောင်​မြို့​သို့​သွား၍၊

ဗိုလ်​စု​တွင် ထူး​ဆန်း၍ အ​ကြီး​အ​ကဲ​လုပ်​သော ဂိ​ဗောင်​မြို့​သား​ဣ​ရှ​မာ​ယ၊ ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ ယော​ဟ​နန်၊ ဂေ​ဒ​ရ​သိ​အ​မျိုး ယော​ဇ​ဗဒ်၊

တော၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​လုပ်​ခဲ့​သော ဘု​ရား​သ​ခင်၏ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သည် ဂိ​ဗောင်​မြို့​တွင် မြင့်​သော​အ​ရပ်၌ ရှိ​သည်​ဖြစ်၍ ထို​အ​ရပ်​သို့ ပ​ရိ​သတ်​အ​ပေါင်း​တို့​နှင့်​အ​တူ သွား​တော်​မူ၏။

ထို​နှစ်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ နန်း​စံ​စ​တု​တ္ထ​နှစ်၊ ပ​ဥ္စ​မ​လ​တွင်၊ ဂိ​ဗောင်​မြို့​နေ၊ အာ​ဇု​ရ​သား​ဟာ​န​နိ​က၊

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊

ဂိ​ဗောင်​မြို့​သည် မြို့​တော်​ကဲ့​သို့ ကြီး​စွာ​သော​မြို့၊ အာ​ဣ​မြို့​ထက်​ကြီး၍ မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​သော​ကြောင့် အ​လွန်​ကြောက်​ရွံ့​ကြ၏။

ထို​နေ့၌ ယော​ရှု​သည် မ​က္က​ဒါ​မြို့​ကို​တိုက်​ယူ၍ မြို့​နှင့် မင်း​ကြီး​ကို ဓား​နှင့်​လုပ်​ကြံ​ပြီး​လျှင်၊ မင်း​ကြီး​နှင့်​တ​ကွ မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ ယေ​ရိ​ခေါ​မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့ မ​က္က​ဒါ​မင်း​ကြီး​ကို ပြု​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် ထို​မြို့​နှင့်​မင်း​ကြီး​ကို ဣ​သ​ရေ​လ​လူ​တို့​လက်၌ အပ်​တော်​မူ၍၊ မြို့​နှင့် မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ဓား​နှင့်​လုပ်​ကြံ၍၊ ယေ​ရိ​ခေါ​မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့ ထို​မင်း​ကြီး​ကို ပြု​ကြ၏။

ဟိ​ဝိ​လူ၊ ဂိ​ဗောင်​မြို့​သား​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော မြို့​တစ်​မြို့​မျှ​မ​ရှိ။ အ​ခြား​သော​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်၍ အ​နိုင်​သိမ်း​ယူ​ရ​ကြ၏။

ထို​မှ​တစ်​ပါး၊ ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊

ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဂိ​ဗောင်​မြို့​နှင့် မြို့​နယ်၊ ဂေ​ဗ​မြို့​နှင့် မြို့​နယ်၊

ခ​ရီး​သွား၍ သုံး​ရက်​မြောက်​သော​နေ့၌ သူ​တို့​မြို့​ရွာ​သို့ ရောက်​ကြ၏။ သူ​တို့​မြို့​ကား ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း။

ယော​ရှု​သည်​လည်း သူ​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​လျက်​ပင်၊ ဝေး​သော​အ​ရပ်​က​လာ​ပါ​ပြီ​ဟု​ဆို၍ ငါ​တို့​ကို အ​ဘယ်​ကြောင့်​လှည့်​စား​ကြ​သ​နည်း။

ပ​ရိ​ယာယ်​ပြု၍ သံ​တ​မန်​လုပ်​လျက်၊ မြည်း​ပေါ်​မှာ ဟောင်း​နွမ်း​သော​အိတ်​တို့​ကို​တင်၍၊ ဟောင်း​နွမ်း​စုတ်​ကွဲ​ဖာ​ပြင်​သော စ​ပျစ်​ရည်​သား​ရေ​ဘူး​တို့​ကို ယူ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ