Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 9:25

Judson Bible

ယ​ခု​မှာ ကျွန်​တော်​တို့​သည် ကိုယ်​တော်​လက်​တွင်​ရှိ​ပါ၏။ ကျွန်​တော်​တို့၌ ပြု​ကောင်း​ပြု​သင့်​သည်​ဟု စိတ်​တော်​ထင်​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ယော​ရှု​အား ပြန်​လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​က​လည်း၊ သင်၏​ကျွန်​မ​သည် သင်၏​လက်၌​ရှိ၏။ သူ၌​ပြု​ချင်​သ​မျှ​ပြု​ပါ​လော့​ဟု စာ​ရဲ​အား​ပြန်​ပြော​လျှင်၊ စာ​ရဲ​သည် ကျွန်​မ​ကို​ညှဉ်း​ဆဲ​သ​ဖြင့်၊ ကျွန်​မ​သည် သ​ခင်​မ​ထံ​မှ​ထွက်​ပြေး​လေ၏။

သို့​မ​ဟုတ် သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု ငါ့​အား​မိန့်​တော်​မူ​လျှင် ငါ​ရှိ​ပါ၏။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊

ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သို့ ရောက်​ပါ​စေ။ က​ရု​ဏ​တော် ကြီး​လှ၏။ လူ​လက်​သို့ မ​ရောက်​ပါ​စေ​နှင့်​ဟု ဂဒ်​အား​ပြန်​ပြော၏။

နန်း​တော်​အုပ်၊ မြို့​အုပ်၊ အ​သက်​ကြီး​သူ၊ အာ​ဟပ်​သား​တို့​ကို လုပ်​ကျွေး​သော​သူ​တို့​က​လည်း၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်။ ကျွန်​တော်​တို့​သည် ရှင်​ဘု​ရင်​ကို မ​ချီး​မြှောက်​ပါ။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ယေ​ဟု​ထံ​သို့ ပြန်​စာ​ကို​ပေး​လိုက်​ကြ၏။

ငါ​သည် ငါ၏​လူ​တို့​ကို​အ​မျက်​ထွက်​သော​ကြောင့်၊ ငါ၏​အ​မွေ​ကို​ရှုတ်​ချ၍ သင့်​လက်​သို့ အပ်​လိုက်၏။ သင်​သည် သ​နား​သော​စိတ်​မ​ရှိ။ အ​သက်​ကြီး​သူ​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။

ငါ​မူ​ကား၊ သင်​တို့​လက်၌​ရှိ​ပါ၏။ သင်​တို့​စိတ်၌ ဖြောင့်​မတ်​လျောက်​ပတ်​သည်​ဟု ထင်​သည်​အ​တိုင်း၊ ငါ့​ကို ပြု​ကြ​လော့။

ဇေ​ဒ​ကိ​မင်း​ကြီး​က၊ သူ​သည် သင်​တို့​လက်၌​ရှိ၏။ ရှင်​ဘု​ရင်​သည် သင်​တို့​အ​လို​ကို မ​ဆီး​တား​နိုင်​ဟု မိန့်​တော်​မူ၏။

ထို​သို့ အ​လို​တော်​ရှိ​သော​ကြောင့် မှန်​ပါ၏​အ​ဘ။-

ထို​သို့​နှင့်​အ​ညီ ယော​ရှု​သည်​ပြု၍၊ သူ​တို့​ကို အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​လူ​တို့​လက်​မှ ကယ်​နုတ်​သ​ဖြင့်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့၌ ပြု​တော်​မူ​ပါ။ ယ​ခု တစ်​ကြိမ်​သာ​ကယ်​နုတ်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​လျက်၊

ဂိ​ဒေါင်​သည်​လည်း၊ သု​ကုတ်​မြို့​သား​တို့​ရှိ​ရာ​သို့ လာ၍၊ သင်​တို့​က၊ ပင်​ပန်း​သော သင့်​အ​မှု​ထမ်း​တို့​အား ငါ​တို့​သည် မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌​ရှိ​သ​လော​ဟု ငါ့​ကို​ကဲ့​ရဲ့၍ သင်​တို့​ပြော​သော ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို ကြည့်​ကြ​လော့​ဟု​ဆို​လျက်၊

ရှ​မွေ​လ​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ဝှက်​မ​ထား အ​လုံး​စုံ​တို့​ကို ပြန်​ကြား၏။ ဧ​လိ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​လျှင် အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော​ဟု ဝန်​ခံ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ