ယခုမှာ သင်တို့သည် ကျိန်အပ်သောသူဖြစ်သဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဖို့ ထင်းခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တစ်ယောက်မျှမလွတ်ရဟုဆို၏။
အကဲအမှူးများ ကတိရှိသည်အတိုင်း အသက်ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဖို့ ထင်းခုတ်သောသူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့အား ပြန်ပြောကြ၏။
ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌တည်သော ယဇ်ပလ္လင်တော်အဖို့နှင့် ပရိသတ်တော်အဖို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ရေခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။