Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 9:15

Judson Bible

ယော​ရှု​သည်​လည်း သူ​တို့​ကို​စစ်​မှု​နှင့်​လွတ်​စေ၍၊ အ​သက်​ချမ်း​သာ​စေ​မည်​အ​ကြောင်း မိတ်​သ​ဟာ​ယ​ဖွဲ့၏။ ပ​ရိ​သတ်​မင်း​တို့​သည်​လည်း ကျိန်​ဆို​ခြင်း​ကို ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဂိ​ဗောင်​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင်​မ​ဟုတ်၊ ကျန်​ကြွင်း​သော အာ​မော​ရိ​အ​မျိုး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် သူ​တို့​အား သ​စ္စာ​က​တိ​ထား​ကြ​သော်​လည်း၊ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ကျိုး​ကို စောင့်​ရှောက်၍ သူ​တို့​ကို​သတ်​မည်​ဟု အား​ထုတ်​သ​တည်း။

သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့်​လည်း​ကောင်း၊ သင်​သည်​မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊

ဂိ​ဗောင်​မြို့​သည် ယော​ရှု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​ကြောင့်၊ ထို​မြို့​ကို လုပ်​ကြံ​ခြင်း​ငှာ ငါ့​ထံ​သို့​လာ၍ ငါ​နှင့်​အ​တူ​ကူ​ညီ​ကြ​ပါ​ဟု နှိုး​ဆော်​သည်​အ​တိုင်း၊

ဟိ​ဝိ​လူ၊ ဂိ​ဗောင်​မြို့​သား​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော မြို့​တစ်​မြို့​မျှ​မ​ရှိ။ အ​ခြား​သော​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်၍ အ​နိုင်​သိမ်း​ယူ​ရ​ကြ၏။

မိတ်​သ​ဟာ​ယ​ဖွဲ့၍ သုံး​ရက်​လွန်​သော​အ​ခါ၊ ထို​သူ​တို့​သည် အိမ်​နီး​ချင်း​ဖြစ်၍၊ အ​နား​မှာ​နေ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြား​သိ​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ