Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 9:13

Judson Bible

စ​ပျစ်​ရည်​ပြည့်​သော ဤ​သား​ရေ​ဘူး​တို့​သည် အ​သစ်​ဖြစ်​သော်​လည်း၊ ယ​ခု​ကြည့်​ပါ စုတ်​ကွဲ​လျက်​ရှိ​ပါ၏။ ဤ​အ​ဝတ် ဤ​ခြေ​နင်း​တို့​သည်​လည်း အ​လွန်​ခ​ရီး​ဝေး​သော​ကြောင့် ဟောင်း​နွမ်း​ပါ​ပြီ​ဟု ပြန်​လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

၎င်း​နည်း ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင်၊ သား​ရေ​ဘူး​သည် စုတ်​ကွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​လေ့​ရှိ၏။ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး​ဟု မိန့်​တော်​မူ၏။-

၎င်း​နည်း​ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့် စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်​ဟု မိန့်​တော်​မူ၏။

၎င်း​နည်း၊ ဟောင်း​သော​သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည်​ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။-

အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့​ကို တော၌ ငါ​ပို့​ဆောင်​တော်​မူ​ပြီ။ သင်​တို့ အ​ဝတ်​သည် မ​ဟောင်း​မ​နွမ်း။ သင်​တို့​စီး​သော​ခြေ​နင်း​လည်း မ​ပျက်။

ကိုယ်​တော်​ထံ​သို့ ရောက်​အံ့​သော​ငှာ ထွက်​လာ​သော​နေ့၌ ခ​ရီး​ရိ​က္ခာ​ဖို့ ကိုယ်​အိမ်​မှ​ဆောင်​ယူ​ခဲ့​သော ဤ​မုန့်​သည် ပူ​နွေး​လျက်​ရှိ​ပါ၏။ ယ​ခု​ကြည့်​ပါ။ အောက်​လျက် မှို​တက်​လျက်​ရှိ​ပါ၏။

ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ခွင့်​မ​ပန်​ဘဲ ထို​သူ​တို့၏​ရိ​က္ခာ​ကို​စား​ကြ၏။

ပ​ရိ​ယာယ်​ပြု၍ သံ​တ​မန်​လုပ်​လျက်၊ မြည်း​ပေါ်​မှာ ဟောင်း​နွမ်း​သော​အိတ်​တို့​ကို​တင်၍၊ ဟောင်း​နွမ်း​စုတ်​ကွဲ​ဖာ​ပြင်​သော စ​ပျစ်​ရည်​သား​ရေ​ဘူး​တို့​ကို ယူ​ကြ၏။

ဟောင်း​နွမ်း​ဖာ​ပြင်​သော ခြေ​နင်း​ကို​စီး၍၊ ဟောင်း​နွမ်း​သော​အ​ဝတ်​ကို​လည်း ဝတ်​ကြ၏။ အောက်၍ မှို​တက်​လျက်​ရှိ​သော ရိ​က္ခာ​ကို​သာ​ဆောင်​ခဲ့​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ