Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 9:11

Judson Bible

ထို​ကြောင့် အ​ကျွန်ုပ်​တို့၌ အ​သက်​ကြီး​သော​သူ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​က၊ လမ်း​ခ​ရီး​ရိ​က္ခာ​ကို​ယူ၍ သူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား​ကြ​လော့။ ငါ​တို့​သည် သူ​တို့၏​ကျွန်​ဖြစ်​ကြောင်း​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ပါ​မည်​အ​ကြောင်း​ကို လျှောက်​ထား​ကြ​လော့​ဟု မှာ​လိုက်​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​လက်၌ ငွေ​နှစ်​ဆ​ကို​လည်း​ယူ​ကြ​လော့။ အိတ်​ဝ​တွင် ဆောင်​ခဲ့​သော​ငွေ​ကို တစ်​ဖန်​လက်၌​ဆောင်​သွား​ကြ​ဦး​လော့။ ထို​အ​မှု​သည် သ​တိ​လစ်​သော​အ​မှု​ဖြစ်​ဟန်​ရှိ​၏။

နန်း​တော်​အုပ်၊ မြို့​အုပ်၊ အ​သက်​ကြီး​သူ၊ အာ​ဟပ်​သား​တို့​ကို လုပ်​ကျွေး​သော​သူ​တို့​က​လည်း၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်။ ကျွန်​တော်​တို့​သည် ရှင်​ဘု​ရင်​ကို မ​ချီး​မြှောက်​ပါ။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ယေ​ဟု​ထံ​သို့ ပြန်​စာ​ကို​ပေး​လိုက်​ကြ၏။

ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​အ​မြို့​မြို့၌၊ ယု​ဒ​လူ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ပွဲ​ခံ​ခြင်း၊ မင်္ဂ​လာ​နေ့​စောင့်​ခြင်း​ကို ပြု၍၊ ပြည်​သူ​ပြည်​သား​အ​များ​တို့​သည် ယု​ဒ​လူ​တို့​ကို ကြောက်​ရွံ​သော​ကြောင့် ယု​ဒ​ဘာ​သာ​ကို​ဝင်​ကြ၏။

သင်​တို့​သည် လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ မုန့်၊ ငွေ​ကို မ​ယူ​ကြ​နှင့်။ အင်္ကျီ​နှစ်​ထည်​ကို​လည်း မ​ပါ​စေ​ကြ​နှင့်။-

တပ်​တစ်​လျှောက်​လုံး​သို့ သွား​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ သုံး​ရက်​အ​တွင်း​တွင် ဤ​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ရ​သော​ကြောင့် ရိ​က္ခာ​ကို ပြင်​ဆင်​ရ​ကြ​မည်​အ​ကြောင်း၊ လူ​များ​တို့​အား ဆင့်​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။

ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ အာ​ရှ​တ​ရုတ်​မြို့​မှာ​နေ​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း ကြား​ပါ​ပြီ။

ကိုယ်​တော်​ထံ​သို့ ရောက်​အံ့​သော​ငှာ ထွက်​လာ​သော​နေ့၌ ခ​ရီး​ရိ​က္ခာ​ဖို့ ကိုယ်​အိမ်​မှ​ဆောင်​ယူ​ခဲ့​သော ဤ​မုန့်​သည် ပူ​နွေး​လျက်​ရှိ​ပါ၏။ ယ​ခု​ကြည့်​ပါ။ အောက်​လျက် မှို​တက်​လျက်​ရှိ​ပါ၏။

သူ​တို့​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏​ဟု ယော​ရှု​အား လျှောက်​ဆို​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​သော​သူ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ