ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှာသွား၍၊ ဗေသလမြို့နှင့် အာဣမြို့စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာနေကြ၏။ ယောရှုသည် ထိုညတွင်လူများထဲမှာ နေသေး၏။
ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။
ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင်ကူးသွား၍၊ သူကိုယ်တိုင် ထိုည၌ လူအစုအဝေးနှင့်အတူ အိပ်၍နေ၏။
ဗေသလမြို့၊ အာဣမြို့သား နှစ်ရာနှစ်ဆယ်သုံးယောက်၊
ဗေသလမြို့၊ အာဣမြို့သား တစ်ရာနှစ်ဆယ်သုံးယောက်၊
ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကိုစေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့အနားမှာရှိသော အာဣမြို့သို့သွား၍ ထိုပြည်ကို ကြည့်ရှုကြလော့ဟု မှာထားသည်အတိုင်း သူတို့သည်သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့သို့ အဦးချီသွားလေ၏။
တစ်ဖန် အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလမြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှာ လူငါးထောင်ခန့်မျှ ထားလေ၏။
တိုက်၍အောင်သောအခါ မြို့ကိုမီးရှို့ရကြမည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ၏။
ဗေသလမြို့၊ တောင်ရာမုတ်မြို့၊ ယတ္တိယမြို့၊