Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 8:6

Judson Bible

သူ​တို့​လည်း​လိုက်​ခြင်း​ငှာ မြို့​ထဲ​က​ထွက်၍၊ မြို့​နှင့် ကွာ​မှန်း​ကို​မ​သိ​ဘဲ ခွာ၍​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့​မှာ ငါ​တို့​သည်​ပြေး​သော​အ​ခါ၊ ယ​မန်​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ ပြေး​ကြ​ပြီ​ဟု သူ​တို့​ဆို​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျဉ်း​ကျုပ်​ရာ​သို့​ရောက်​ကြ​ပြီ။ တော​လမ်း​ပိတ်​လျက်​ရှိ၏​ဟု​ဆို​လိမ့်​မည်။

ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။

အ​ဓ​မ္မ​အ​မှု​ကို အ​လျင်​အ​မြန်​စစ်​ကြော၍၊ ဒဏ်​မ​ပေး​သော​ကြောင့်၊ လူ​သား​တို့​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ၊ ခိုင်​မာ​စွာ သ​ဘော​ထား​ကြ၏။

လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။

ငါ​နှင့်​တ​ကွ ငါ၌​ပါ​သော​သူ​အ​ပေါင်း​တို့​သည် မြို့​အ​နီး​သို့ ချဉ်း​ကပ်​မည်။ သူ​တို့​သည် ယ​မန်​ကဲ့​သို့​တိုက်​ခြင်း​ငှာ ထွက်​လာ​ကြ​သော​အ​ခါ၊ ငါ​တို့​သည် သူ​တို့​ရှေ့​မှာ ပြေး​ရ​ကြ​မည်။

ထို​အ​ခါ သင်​တို့​သည် ကင်း​ထိုး​လျက် နေ​ရာ​အ​ရပ်​မှ​ထ၍ မြို့​ကို​တိုက်​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က၊ သူ​တို့​သည် ယ​မန်​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ​ရှုံး​ကြ​ပြီ​ဟု ဆို​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ပြေး​ကြ​ကုန်​အံ့၊ သူ​တို့​ကို မြို့​နှင့်​ဝေး​သော​လမ်း​တို့​သို့ သွေး​ဆောင်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ