Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 8:20

Judson Bible

အာ​ဣ​မြို့​သား​တို့​သည် ပြန်​ကြည့်၍၊ မြို့​ကို​လောင်​သော မီး၏​အ​ခိုး​သည် မိုး​ကောင်း​ကင်​သို့ တက်​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရပ်​ကို​မျှ ပြေး​ခြင်း​ငှာ မ​တတ်​စွမ်း​နိုင်​ကြ။ တော​သို့​ပြေး​သော​သူ​တို့​သည်​လည်း လိုက်​သော​သူ​တို့​ကို ပြန်​လှန်၍ တိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ​သော ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို ကြည့်​ရှု၍၊ မီး​ဖို၌​အ​ခိုး​ကဲ့​သို့၊ တစ်​ပြည်​လုံး​အ​ခိုး​တက်​သည်​ကို မြင်​လေ​၏။

ဆိုး​သော​သူ​တို့၏​မျက်​စိ​သည် အား​လျော့​လိမ့်​မည်။ သူ​တို့​သည် ပြေး၍​မ​လွတ်​ရ​ကြ။ သူ​တို့ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် အ​ခိုး​အ​ငွေ့​သက်​သက် ဖြစ်​သည်​ဟု မြွက်​ဆို၏။

ရဲ​ရင့်​သော​သူ​တို့​သည် လု​ယူ​ခြင်း​ကို​ခံ​ရ၍ အိပ်​ပျော်​ကြ​ပြီ။ အား​ကြီး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မိ​မိ​လက်​ကို မ​တွေ့​ရ။

နေ့​ည​မ​ပြတ် မီး​မ​ငြိမ်း​ရ။ မီး​ခိုး​လည်း အ​စဉ်​တက်​လိမ့်​မည်။ ထို​ပြည်​သည် လူ​မျိုး​အ​စဉ်​အ​ဆက် ဆိတ်​ညံ၍၊ ကာ​လ​အ​စဉ်​အ​မြဲ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ။

ရွယ်​သော​အ​ခါ၊ ကင်း​တပ်​သား​တို့​သည် ချက်​ချင်း​ထ၍ အ​လျင်​အ​မြန်​ပြေး​လျက် မြို့​ထဲ​သို့​ဝင်​မိ​လျှင်၊ ကြိုး​စား၍​သိမ်း​ယူ​ပြီး​မှ မီး​ရှို့​ကြ၏။

ကင်း​တပ်​သား​တို့​သည် မြို့​ကို​ရ၍ မြို့၌​မီး​ခိုး​တက်​လျက်​ရှိ​သည်​ကို ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ တစ်​ဖန်​ပြန်​လှည့်၍ အာ​ဣ​မြို့​သား​တို့​ကို တိုက်​သတ်​ကြ၏။

မ​တ​ရား​သော​မေ​ထုန်​ကို သူ​နှင့်​ပြု၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သော လော​ကီ​ရှင်​ဘု​ရင်​တို့​သည်၊ သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို မြင်​သော​အ​ခါ၊-

တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ​ဟူ၍​လည်း​ကောင်း၊ သူ၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​သည် ဟူ၍​လည်း​ကောင်း ပြော​ဆို​ကြ၏။-

မြို့​ထဲ​မှာ ကြီး​စွာ​သော မီး​ခိုး​တက်​စေ​ရ​မည်​အ​ကြောင်း ဣ​သ​ရေ​လ​လူ​တို့​သည် ကင်း​စောင့်​လူ​တို့​အား အ​ကြံ​ပေး​နှင့်​ကြ​ပြီ​ဖြစ်၍၊

တစ်​ဖန် မီး​လောင်၍ ထူ​ထပ်​သော​မီး​ခိုး​သည် မြို့​ထဲ​မှာ တက်​စ​ရှိ​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ပြန်​ကြည့်၍ မြို့​ကို​လောင်​သော မီး​လျှံ​သည် မိုး​ကောင်း​ကင်​သို့ တက်​သည်​ကို မြင်​ကြ၍၊

ဣ​သ​ရေ​လ​လူ​တို့​သည် လှည့်၍​ပြန်​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ဘေး​ရောက်​ကြောင်း​ကို သိ​မြင်​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ