သူတို့ကို လိုက်ခြင်းငှာ၊ အာဣမင်းကြီးသည် မြို့၌ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွာသွားကြ၏။
ထာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်းအားဖြင့် ထင်ရှားတော်မူ၏။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ၏။
ဣသရေလအမျိုးသားတို့ကိုမလိုက်ဘဲ၊ အာဣမြို့နှင့် ဗေသလမြို့၌ ယောက်ျားတစ်ယောက်မျှမနေ၊ မြို့ကိုလှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက်ကြ၏။
နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။-
ဗင်္ယာမိန်အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေလအမျိုး သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။