Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 8:15

Judson Bible

ယော​ရှု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှုံး​ဟန်​ပြု​လျက် တော​လမ်း​ဖြင့် ပြေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

တော၌​လည်း၊ ဗေ​သ​ရာ​ဗ​မြို့၊ မိ​ဒ္ဒိန်​မြို့၊ သေ​ကာ​က​မြို့၊

ယော​သပ်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော​မြေ အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ယေ​ရိ​ခေါ​အိုင်​မှ​ထွက်၍ တော​လမ်း​သို့​လိုက်​လျက်၊ ဗေ​သ​လ​တောင်​တစ်​လျှောက်​လုံး​သွား​သ​ဖြင့်၊

မြေ​အ​ပိုင်း​အ​ခြား​သည် မြောက်​မျက်​နှာ၌ ယော်​ဒန်​မြစ်​မှ​ထွက်၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​နား၌​လည်း​ကောင်း၊ အ​နောက်​ဘက် တောင်​ပေါ်၌​လည်း​ကောင်း လျှောက်​လျက် ဗေ​သ​ဝင်​တော​သို့​ထွက်​သွား၏။

ထို​အ​ခြင်း​အ​ရာ​တို့​ကို အာ​ဣ​မင်း​ကြီး​သည်​မြင်​လျှင်၊ မြို့​သား​ယောက်ျား​တို့​သည် စော​စော​ထ၍ အ​လျင်​အ​မြန်​ပြင်​ဆင်​ပြီး​မှ၊ မင်း​ကြီး​သည် လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ၊ ချိန်း​ချက်​သော အ​ချိန်၌ လွင်​ပြင်​သို့ ချီ​သွား​လေ၏။ သို့​ရာ​တွင် မြို့​နောက်​မှာ ကင်း​တပ်​ရှိ​မှန်း​ကို​မ​သိ။

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​ကြ၏။ ဣ​သ​ရေ​လူ​တို့​သည်၊ ဂိ​ဗာ​မြို့​အ​နား၌​ထား​သော ကင်း​တပ်​ကို ကိုး​စား​သော​ကြောင့်၊ အ​စ​က ဗင်္ယာ​မိန်​လူ​တို့​ရှေ့​မှာ​ဆုတ်​ကြ၏။

မိန်း​မော​တွေ​ဝေ၍ ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ တော​လမ်း​သို့​ပြေး​သော်​လည်း၊ စစ်​တိုက်​လိုက်​လာ​သော သူ​တို့​သည်​မီ​သ​ဖြင့် ပြေး​သော​သူ​တို့​ကို​လည်း​ကောင်း၊ မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သော​သူ​တို့​ကို​လည်း​ကောင်း တစ်​ပြိုင်​နက် ဖျက်​ဆီး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ