Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 8:14

Judson Bible

ထို​အ​ခြင်း​အ​ရာ​တို့​ကို အာ​ဣ​မင်း​ကြီး​သည်​မြင်​လျှင်၊ မြို့​သား​ယောက်ျား​တို့​သည် စော​စော​ထ၍ အ​လျင်​အ​မြန်​ပြင်​ဆင်​ပြီး​မှ၊ မင်း​ကြီး​သည် လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ၊ ချိန်း​ချက်​သော အ​ချိန်၌ လွင်​ပြင်​သို့ ချီ​သွား​လေ၏။ သို့​ရာ​တွင် မြို့​နောက်​မှာ ကင်း​တပ်​ရှိ​မှန်း​ကို​မ​သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။

အ​ကယ်​စင်​စစ် ဇော​န​မင်း​တို့​သည် အ​ရူး​ဖြစ်​ကြ၏။ ဖာ​ရော​ဘု​ရင်၏ တိုင်​ပင်​မှူး​မတ်​တို့​သည် မိုက်​သော​အ​ကြံ​ကို ပေး​ကြ၏။ ကျွန်​တော်​သည် ပ​ညာ​ရှိ​အ​မျိုး၊ ရှေး​ဘု​ရင်​တို့​အ​နွယ်​ဖြစ်​ပါ​သည်​ဟု ဖာ​ရော​ဘု​ရင်​အား အ​ဘယ်​ကြောင့် လျှောက်​ကြ​သ​နည်း။

ဇော​န​မင်း​တို့​သည် အ​ရူး​ဖြစ်​ကြ​ပြီ။ နော​ဗ​မင်း​တို့​သည် မှား​ယွင်း​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၏ အ​မျိုး​အ​နွယ်​များ​ကို​အုပ်​သော အ​ကြီး​အ​ကဲ​တို့​ကို​လည်း မှား​ယွင်း​စေ​ကြ​ပြီ။

ထို​စ​ကား​ကို မြွက်​ဆို​စဉ်​ပင်၊ ကောင်း​ကင်​မှ သက်​ရောက်​သော အ​သံ​ဟူ​မူ​ကား၊ အို​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး၊ နား​ထောင်​လော့။ နိုင်​ငံ​တော်​သည် သင့်​လက်​မှ ရွေ့​သွား​ပြီ။

ရေ​လွှမ်း​မိုး​ခြင်း​ရောက်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် တိုင်​အောင် သ​တိ​မဲ့​နေ​ကြ​သည် နည်း​တူ၊ လူ​သား​ကြွ​လာ​သော​အ​ခါ၌ ဖြစ်​လိမ့်​မည်။-

ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊-

တော​ကြီး​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ သု​ဖ​မြို့​တစ်​ဖက်၊ ပါ​ရန်​မြို့၊ တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​အ​လယ်၌ မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ဟော​ပြော​သော​စ​ကား​များ​ကို ပြန်​ရ​လေ​သည်​မှာ၊

ထို​သို့​လျှင်၊ မြို့​မြောက်​ဘက်​မှာ ဗိုလ်​ခြေ​အ​ပေါင်း​ခင်း​ကျင်း​လျက်၊ အ​နောက်​ဘက်​မှာ​လည်း ကင်း​ထိုး​လျက်၊ အ​သီး​အ​သီး နေ​ရာ​ကျ​ကြ​သော​အ​ခါ၊ ယော​ရှု​သည် ထို​ည​တွင် ချိုင့်​အ​လယ်​သို့ သွား​လေ၏။

ယော​ရှု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှုံး​ဟန်​ပြု​လျက် တော​လမ်း​ဖြင့် ပြေး​ကြ၏။

သူ​တို့​ကို လိုက်​ခြင်း​ငှာ၊ အာ​ဣ​မင်း​ကြီး​သည် မြို့၌​ရှိ​သ​မျှ​သော ယောက်ျား​တို့​ကို နှိုး​ဆော်​ပြီး​လျှင်၊ မြို့​သား​တို့​သည် ယော​ရှု​ကို​လိုက်၍၊ မြို့​နှင့်​ကွာ​မှန်း​မ​သိ ခွာ​သွား​ကြ၏။

ငါ​နှင့်​တ​ကွ ငါ၌​ပါ​သော​သူ​အ​ပေါင်း​တို့​သည် မြို့​အ​နီး​သို့ ချဉ်း​ကပ်​မည်။ သူ​တို့​သည် ယ​မန်​ကဲ့​သို့​တိုက်​ခြင်း​ငှာ ထွက်​လာ​ကြ​သော​အ​ခါ၊ ငါ​တို့​သည် သူ​တို့​ရှေ့​မှာ ပြေး​ရ​ကြ​မည်။

သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။

ကင်း​တပ်​သား​တို့​သည် ဂိ​ဗာ​မြို့​သို့ တစ်​ဟုန်​တည်း​ပြေး​ဝင်၍ အ​နှံ့​အ​ပြား​တိုက်​သ​ဖြင့် တစ်​မြို့​လုံး​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ