Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 7:24

Judson Bible

ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဇေ​ရ​သား​အာ​ခန်​မှ​စ၍ ထို​ငွေ၊ ဝတ်​လုံ၊ ရွှေ​တုံး၊ သား​သ​မီး၊ သိုး​နွား​မြည်း၊ တဲ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို အာ​ခေါ်​ချိုင့်​သို့​ဆောင်​သွား​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။

သူ​မျို​သော​စည်း​စိမ်​ဥ​စ္စာ​ကို တစ်​ဖန်​အန်​ရ​လိမ့်​မည်။ ဘု​ရား​သ​ခင်​လည်း သူ့​ကို ဝမ်း​နုတ်​တော်​မူ​မည်။

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။

စည်း​စိမ်​ရှင်​သည် ကိုယ်​အ​ကျိုး​ပျက်​သည်​တိုင်​အောင်၊ စည်း​စိမ်​ကို သို​ထား​ခြင်း​တည်း​ဟူ​သော၊ နေ​အောက်၌ အ​လွန်​ဆိုး​သော​အ​မှု​အ​ရာ​ကို ငါ​မြင်​ပြီ။

ငါ့​ကို​ရှာ​သော ငါ၏​လူ​တို့​အ​ဖို့၊ ရှာ​ရုန်​အ​ရပ်​သည် သိုး​ခြံ​ဖြစ်​လိမ့်​မည်။ အာ​ခေါ်​ချိုင့်​သည်​လည်း နွား​များ အိပ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။

တော​တစ်​ဖက်၌ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း၊ အာ​ခေါ်​ချိုင့်၌ မျှော်​လင့်​ရာ​တံ​ခါး​ကို​လည်း​ကောင်း ငါ​ပေး​မည်။ သူ​သည် အ​သက် ငယ်​စဉ်​ကာ​လ၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တော​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ သီ​ချင်း​ဆို​ရ​လိမ့်​မည်။

အာ​ခေါ်​ချိုင့်​မြောက်​ဘက်​မှ​ထွက်၍ ဒေ​ဗိ​ရ​ရွာ​သို့​လည်း​ကောင်း၊ မြစ်​တောင်​ဘက် အ​ဒု​မ္မိမ်​ကုန်း​ရှေ့၌​ရှိ​သော ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​ကောင်း ရောက်​ပြီး​မှ၊ အင်​ရှေ​မက်​အိုင်၊ အင်္ရော​ဂေ​လ​ရွာ​လမ်း​သို့ လိုက်​လျက်၊

ဇေ​ရ​သား​အာ​ခန်​သည် ကျိန်​အပ်​သော​အ​ရာ၌ ပြစ်​မှား၍ အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော။ ထို​သူ​သည် ပြစ်​မှား​သော​အ​ပြစ်​ကြောင့် တစ်​ယောက်​တည်း​သာ သေ​ရ​သည်​မ​ဟုတ်​ဟု ဆို​ကြ၏။

သင်​တို့​သည် ကျိန်​အပ်​သော​အ​ရာ​ကို သ​တိ​နှင့်​ရှောင်​ကြ​လော့။ သို့​မ​ဟုတ် ထို​အ​ရာ​ကို​သိမ်း​ယူ​လျှင် မိ​မိ​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တပ်​ကို​လည်း​ကောင်း အ​ကျိန်​ခံ​စေ၍၊ နှောင့်​ယှက်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။

မြို့​ထဲ၌​ရှိ​သ​မျှ​သော ယောက်ျား၊ မိန်း​မ၊ အ​ကြီး​အ​ငယ်၊ သိုး၊ နွား၊ မြည်း​ရှိ​သ​မျှ​တို့​ကို ဓား​နှင့် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။

တဲ​ထဲ​က​ထုတ်၍ ယော​ရှု​ထံ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​သို့ ဆောင်​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ကြ၏။

သူ့​အ​ပေါ်၌ များ​စွာ​သော​ကျောက်​တို့​ကို ပုံ​ထား​ကြ၍ ယ​နေ့​တိုင်​အောင်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အ​မျက်​တော်​အ​ရှိန်​ကို ငြိမ်း​စေ​တော်​မူ၏။ ထို​အ​မှု​ကို​အ​စွဲ​ပြု၍ ထို​ချိုင့်​ကို ယ​နေ့​တိုင်​အောင် အာ​ခေါ်​ချိုင့်​ဟု ခေါ်​ဝေါ်​ကြ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ