Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 6:5

Judson Bible

ယု​ဘိ​လ​တံ​ပိုး​တို့​ကို ရှည်​သော​အ​သံ​နှင့် မှုတ်၍၊ တံ​ပိုး​သံ​ကို​ကြား​လျှင် လူ​အ​ပေါင်း​တို့​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ မြို့​ရိုး​သည် အ​ကုန်​အ​စင် ပြို​လဲ​ရ​လိမ့်​မည်။ ထို​အ​ခါ လူ​များ​တို့​သည် တည့်​တည့်​တက်​ရ​ကြ​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တံ​ပိုး​မြည်​သံ​သည်​ကြာ​ကြာ​မြည်​လျက်၊ အ​သံ​တိုး၍ ကြီး​သော​အ​ခါ၊ မော​ရှေ​သည်​ခေါ်၍၊ ဘု​ရား​သ​ခင်​သည် စ​ကား​သံ​နှင့်​ထူး​တော်​မူ​၏။

သင်​တို့၏ မြို့​ရိုး​ပြ​အိုး အ​ထွတ်​ကို​ဖြို၍၊ မြေ​တိုင်​အောင် နှိမ့်​သ​ဖြင့်၊ မြေ​မှုန့်​ထဲ​မှာ ချ​တော်​မူ​လိမ့်​မည်။

များ​စွာ​သော လူ​တို့​ကို သတ်၍၊ ရဲ​တိုက်​တို့​သည် ပြို​လဲ​သော​အ​ခါ၊ မြင့်​သော​တောင်​ရှိ​သ​မျှ​နှင့် ထင်​ရှား​သော ကုန်း​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ရေ​စီး​ရာ​မြစ်​နှင့် ချောင်း​များ ရှိ​ကြ​လိမ့်​မည်။

မြို့​ပတ်​လည်၌ ကြွေး​ကြော်​ကြ​လော့။ သူ​သည်​ဝန်​ချ​ပြီ။ မြို့​ရိုး​နှင့် ပြ​အိုး​တို့​သည် ပြို​လဲ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း အ​မှု​ဖြစ်၍၊ သူ့​ကို​အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​ကြ​လော့။ သူ​သည်​ပြု​ဖူး​သည်​အ​တိုင်း သူ၌​ပြု​ကြ​လော့။

ယေ​ရိ​ခေါ​မြို့​ကို ခု​နစ်​ရက်​ပတ်​လုံး​ဝိုင်း၍ လှည့်​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် မြို့​ရိုး​သည် ပြို​လဲ၏။-

သ​တ္တ​မ​အ​ကြိမ်​တွင် ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ယော​ရှု​က၊ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မြို့​ကို ပေး​တော်​မူ​မည်။

ထို​သို့​နှင့်​အ​ညီ တံ​ပိုး​ကို​မှုတ်၍၊ လူ​များ​တို့​သည် ကြွေး​ကြော်​ကြ၏။ တံ​ပိုး​သံ​ကို​ကြား၍ ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ​သော​အ​ခါ၊ မြို့​ရိုး​သည် အ​ကုန်​အ​စင်​ပြို​လဲ၍၊ လူ​များ​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့ တည့်​တည့်​ဝင်​ပြီး​လျှင် သိမ်း​ယူ​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။

နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊

ကင်း​တပ်​သား​တို့​သည် ဂိ​ဗာ​မြို့​သို့ တစ်​ဟုန်​တည်း​ပြေး​ဝင်၍ အ​နှံ့​အ​ပြား​တိုက်​သ​ဖြင့် တစ်​မြို့​လုံး​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။

ဒါ​ဝိဒ်​သည် နံ​နက်​စော​စော​ထ၍ သိုး​တို့​ကို သိုး​ထိန်း၌​အပ်​ပြီး​လျှင်၊ အ​ဘ​မှာ​လိုက်​သည်​အ​တိုင်း စား​စ​ရာ​ကို​ယူ​သွား၍၊ ရိ​က္ခာ​လှည်း​ထား​ရာ​သို့ ရောက်​သော​အ​ခါ၊

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ထ၍ ကြွေး​ကြော်​လျက် ချိုင့်​တိုင်​အောင်​လည်း​ကောင်း၊ ဧ​ကြုန်​မြို့ တံ​ခါး​တိုင်​အောင်​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ကြ၏။ ထိ​ခိုက်​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ရှာ​ရိမ်​မြို့ လမ်း​နား​မှ​စ၍ ဂါ​သ​မြို့၊ ဧ​ကြုန်​မြို့​တိုင်​အောင် လဲ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် တပ်​ထဲ​သို့ ရောက်​သော​အ​ခါ၊ မြေ​ကြီး​အ​သံ မြည်​သည်​တိုင်​အောင် တပ်​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ