Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 6:23

Judson Bible

သူ​လျှို​လုပ်​သော​လု​လင်​တို့​သည် ဝင်၍၊ ရာ​ခပ်​နှင့် သူ့​မိ​ဘ၊ သူ့​မောင်​များ၊ သူ၌​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ့​ပေါက်​ဖော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ထုတ်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ​တပ်​ပြင်​မှာ ထား​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

ထို​မြို့​တွင် ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ရှိ​လျှင်၊ ဖျက်​ဆီး​တော်​မူ​မည်​လော။ ဖြောင့်​မတ်​သော​သူ ငါး​ဆယ်​ပါ​သော​မြို့​ကို သူ​တို့​အ​တွက်​မ​နှ​မြော​ဘဲ ဖျက်​ဆီး​တော်​မူ​မည်​လော။

ထို​သို့​ဘု​ရား​သ​ခင်​သည် ချိုင့်​ထဲ​မှာ​ရှိ​သော​မြို့​တို့​ကို ဖျက်​ဆီး​သော​အ​ခါ၊ အာ​ဗြ​ဟံ​ကို အောက်​မေ့​တော်​မူ​၏။ လော​တ​နေ​သော​မြို့​တို့​ကို မှောက်​လှဲ​သော​အ​ခါ မှောက်​လှဲ​ရာ​ထဲ​က လော​တ​ကို လွှတ်​လိုက်​တော်​မူ​၏။

သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ​ကြ​မည်။ လူ​ကို​သတ်​သော​သူ၊ အ​သေ​ကောင်​ကို​ထိ​သော​သူ အ​ပေါင်း​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိမ်း​ယူ​သော​သူ​တို့​ကို​လည်း​ကောင်း တ​တိ​ယ​နေ့၊ သ​တ္တ​မ​နေ့၌ စင်​ကြယ်​စေ​ကြ​လော့။

ပေ​တ​ရု​က၊ ယု​ဒ​လူ​ဖြစ်​သော​သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဖော် မ​ချည်း​ကပ်​အပ်​သည်​ကို သင်​တို့​သိ​ကြ၏။ သို့​သော်​လည်း ညစ်​ညူး​သည် မ​စင်​ကြယ်​ဟု အ​ဘယ်​သူ​ကို​မျှ မ​ခေါ်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်၊ ငါ့​အား ဆုံး​မ​ပြ​သ​တော်​မူ​ပြီ။-

ပေါ​လု၊ သင်​သည် မ​စိုး​ရိမ်​နှင့်။ ကဲ​သာ​ဘု​ရင်​ရှေ့​သို့ ရောက်​ရ​မည်။ သင်​နှင့်​အ​တူ ပင်​လယ်​ကူး​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် သင့်​အား​ပေး​တော်​မူ​ပြီ​ဟု ဆို၏။-

ပြင်​လူ​တို့​ကို စီ​ရင်​ခြင်း​အ​မှု​နှင့် ငါ​သည် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​တွင်း​လူ​တို့​ကို သင်​တို့​စီ​ရင်​ရ​သည် မ​ဟုတ်​လော။-

ထို​အ​ခါ သင်​တို့​သည် ခ​ရစ်​တော်​ကို​မ​သိ၊ ဣ​သ​ရေ​လ​အ​ပေါင်း၌ မ​ဝင်၊ က​တိ​တော်​ပါ​သော ပ​ဋိ​ညာဉ် တ​ရား​တို့​နှင့်​မ​ဆိုင်၊ မျှော်​လ​င့်​ခြင်း​မ​ရှိ၊ လော​က၌ ဘု​ရား​မဲ့ နေ​ကြ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​ကြ​လော့။-

ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။

နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။

ကျွန်​မ​မိ​ဘ၊ ညီ​အစ်​မ၊ မောင်​အ​စ​ရှိ​သော သူ​တို့​နှင့်​ဆိုင်​သ​မျှ​သော သူ​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​ကြ​ပါ။ မှန်​သော​လ​က္ခ​ဏာ​သက်​သေ​ကို​လည်း ပေး​ခဲ့​ကြ​ပါ​ဟု​ဆို​လျှင်၊

သင်​တို့​သည် လိုက်၍​ရှာ​သော​သူ​တို့​နှင့် လွတ်​မည်​အ​ကြောင်း တောင်​ပေါ်​သို့​ပြေး၍ သုံး​ရက်​ပုန်း​နေ​ကြ​ပါ။ ရှာ​သော​သူ​တို့​သည် ပြန်​သော​နောက်​မှ​သွား​ကြ​ပါ​ဟု​ဆို​လျှင်၊

ဤ​ပြည်​သို့ ငါ​တို့​ရောက်​လာ​သော​အ​ခါ၊ ယ​ခု​လျှော့​ချ​သော ပြတင်း​ပေါက်၌ ဤ​ကြိုး​နီ​ကို ချည်​ထား၍၊ သင့်​မိ​ဘ၊ သင့်​မောင်​များ​နှင့် ပေါက်​ဖော်​များ​အ​ပေါင်း​တို့​ကို သင့်​အိမ်၌​ခေါ်​ထား​ရ​မည်။

ထို​သူ​သည် မြို့​ထဲ​သို့​ဝင်​သော​လမ်း​ကို ပြ​သ​ဖြင့်၊ သူ​တို့​သည် မြို့​သား​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍၊ ထို​လူ​နှင့် သူ၏​အိမ်​သား​အ​ပေါင်း​တို့​ကို လွှတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ