Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 6:19

Judson Bible

ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ၍၊ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ယော​ရှု​သည်​မှာ​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ အောင်​မြင်​သော​ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၌ သိမ်း​ယူ​သော ရွှေ​ငွေ​ကို​လည်း​ကောင်း၊

ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​လုပ်​သော ရွှေ​ဒိုင်း​ရှိ​သ​မျှ​ကို​လည်း ယူ​သွား၏။

ထို​သို့ ရှော​လ​မုန်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ပြု​လုပ်​စီ​ရင်​သ​မျှ​အ​လုံး​စုံ​တို့​ကို လက်​စ​သတ်​ပြီး​မှ၊ ခ​မည်း​တော်​ဒါ​ဝိဒ်​လှူ​သော ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ဘ​ဏ္ဍာ​စု​ထဲ​မှာ သွင်း​ထား​လေ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ဖူး​သည်​အ​တိုင်း ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၍၊ ဗိ​မာန်​တော်​အ​ဖို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လုပ်​သော ရွှေ​တန်​ဆာ​အ​လုံး​စုံ​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လေ၏။

ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၊ အ​ပြည်​ပြည်​တို့​မှ​ဆောင်​ခဲ့​သော ရွှေ​ငွေ​ကို​လည်း​ပူ​ဇော်၏။

လေ​ဝိ​သား​တို့​တွင်၊ အ​ဟိ​ယ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​နှင့် ပူ​ဇော်​သော​ဘ​ဏ္ဍာ​များ​ကို အုပ်​ရ၏။

ထို​ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ဗိုလ်​မင်း​ပူ​ဇော်​သော ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို အုပ်​ရ၏။

ထို​မင်း​တို့​သည် စစ်​တိုက်၍​ရ​သော​ဥ​စ္စာ​တို့​ကို မ​သိမ်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို​ပြု​စု​ခြင်း​ငှာ ပူ​ဇော်​တတ်​ကြ၏။

ပ​ရော​ဖက်​ရှ​မွေ​လ၊ ကိ​ရှ​သား ရှော​လု၊ နေ​ရ​သား အာ​ဗ​နာ၊ ဇေ​ရု​ယာ​သား ယွာ​ဘ​မှ​စ၍ အ​ခြား​သော​သူ ပူ​ဇော်​သ​မျှ​တို့​ကို၊ ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ကြည့်​ရှု​အုပ်​စိုး​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တံ​တိုင်း​များ၊ ပတ်​လည်၌ ကာ​သော​အ​ခန်း​များ၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​တိုက်​များ၊ ပူ​ဇော်​သော​အ​ရာ​သို​ထား​ရာ တိုက်​များ​တို့၏​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​ကြံ​စည်​သ​မျှ​အ​တိုင်း၊ ဒါ​ဝိဒ်​သည် သား​တော်​ရှော​လ​မုန်​အား အပ်​တော်​မူ၏။

ခ​မည်း​တော်​လှူ​သော ဥ​စ္စာ၊ ကိုယ်​တိုင်​လှူ​သော ဥ​စ္စာ၊ ရွှေ၊ ငွေ​တန်​ဆာ​များ​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ထား​တော်​မူ၏။

လှူ​သော​ဥ​စ္စာ၊ ဆယ်​ဖို့​တစ်​ဖို့​ဥ​စ္စာ၊ ပူ​ဇော်​သော​ဥ​စ္စာ​များ​ကို တ​ရား​နှင့်​အ​ညီ သွင်း​ထား​ကြ၏။ လေ​ဝိ​သား ကော​န​နိ​သည် တိုက်​အုပ်၊ သူ၏​ညီ​ရှိ​မိ​သည် တိုက်​စာ​ရေး​ဖြစ်၏။

လေ​ဝိ​သား​တို့​သည် ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ယူ​သော​အ​ခါ၊ အာ​ရုန်​အ​မျိုး ယဇ်​ပု​ရော​ဟိတ်​ရှိ​ရ​မည်။ လေ​ဝိ​သား​တို့​သည်​လည်း ဆယ်​ဖို့​တစ်​ဖို့​ထဲ​က ဆယ်​ဖို့​တစ်​ဖို့​ကို နုတ်​ယူ၍ ဗိ​မာန်​တော်​အ​ခန်း ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ရ​ကြ​မည်။

ဧ​ဗ​ဒ​မေ​လက်​သည်​လည်း လူ​တို့​ကို​ခေါ်၍ နန်း​တော်​အ​တွင်း ဘ​ဏ္ဍာ​တိုက်​အောက်​သို့​ဝင်​ပြီး​လျှင်၊ ဟောင်း​နွမ်း​သော အ​ဝတ်​စုတ်​များ​ကို​ယူ​ပြီး​မှ၊ ယေ​ရ​မိ​ရှိ​ရာ မြေ​တွင်း၌ ကြိုး​နှင့်​လျှော့​ချ​လေ၏။

စ​တု​တ္ထ​နှစ်​တွင် သီး​သော​အ​သီး​ရှိ​သ​မျှ​သည်​သန့်​ရှင်း၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ဖို့​ရာ ဖြစ်​ရ​မည်။

အို ဇိ​အုန်​သ​တို့​သ​မီး၊ ထ၍ နယ်​လော့။ သင့်​ဦး​ချို​ကို သံ​ဖြင့်​လည်း​ကောင်း၊ သင့်​ခွာ​တို့​ကို ကြေး​ဝါ​ဖြင့်​လည်း​ကောင်း ငါ​ပြီး​စေ​မည်။ သင်​သည် လူ​မျိုး​များ​တို့​ကို ညက်​ညက်​ချေ​ရ​မည်။ သူ​တို့​တွင်​ရ​သ​မျှ​သော စည်း​စိမ်​ဥ​စ္စာ​ကို​ယူ၍၊ မြေ​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။

ဖမ်း​ရ​သော​လူ၊ တိ​ရ​စ္ဆာန်​နှင့်​တ​ကွ၊ လက်​ရ​ဥ​စ္စာ​အ​လုံး​စုံ​တို့​ကို သိမ်း​သွား၍၊

မော​ဘ​လွင်​ပြင် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တပ်​ချ​လျက်​နေ​သော မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​တို့​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ ကြေး​ဖြူ၊ ခဲ​အ​စ​ရှိ​သော၊

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​ငွေ​ကို​ယူ၍ အ​သွေး၏​အ​ဖိုး​ဖြစ်၏။ ဘ​ဏ္ဍာ​တော်၌ မ​သွင်း​အပ်​ဟု ပြော​ဆို၊-

ထို​နောက်​ယေ​ရှု​သည် ဘ​ဏ္ဍာ​တိုက်​ရှေ့​မှာ ထိုင်​တော်​မူ​စဉ်​တွင်၊ လူ​များ​တို့​သည် ကြေး​ငွေ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို ကြည့်​ရှု​တော်​မူ၏။ ငွေ​ရ​တတ်​သော​သူ​အ​များ​တို့​သည် များ​စွာ​သွင်း​ချ​ကြ၏။-

ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား​ပြီ။ ငါ​မှာ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လေ​ပြီ။ ကျိန်​အပ်​သော​အ​ရာ​ကို ခိုး​ယူ၍ ပ​ရိ​ယာယ်​ပြု​သ​ဖြင့် မိ​မိ​ဥ​စ္စာ​ထဲ​မှာ​ထား​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ