Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 6:17

Judson Bible

မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို​ကျိန်၍ ထာ​ဝ​ရ​ဘု​ရား၌ အပ်​ရ​မည်။ သို့​ရာ​တွင် ပြည့်​တန်​ဆာ​ရာ​ခပ်​သည် ငါ​တို့​စေ​လွှတ်​သော​တ​မန်​တို့​ကို ဝှက်​ထား​သော​ကြောင့်၊ သူ​နှင့်​တ​ကွ သူ၏​အိမ်၌​ရှိ​သ​မျှ​တို့​အား အ​သက်​ချမ်း​သာ​ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

မင်း​များ​နှင့် အ​သက်​ကြီး​သူ​များ စီ​ရင်​သည်​အ​တိုင်း၊ သုံး​ရက်​အ​တွင်း​တွင် မ​ရောက်​သော​သူ မည်​သည်​ကား၊ သိမ်း​သွား​ခြင်း၊ အ​မျိုး​သား​ပ​ရိသတ်​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကျိန်​ဆို​အပ်​သော​ဥ​စ္စာ ဖြစ်​စေ​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ စ၍ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် အ​သွေး​နှင့်​ဝ​ပြီ။ ဆီ​ဥ​နှင့် ဆူ​ပြီ။ သိုး​သ​ငယ်​နှင့် ဆိတ်​တို့၏ အ​သွေး၊ သိုး​ထီး​တို့၏ ကျောက်​ကပ် ဆီ​ဥ​နှင့် ဆူ​ဝ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ​ရ​မြို့၌ ယဇ်​ပွဲ​ကို​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်၌ ကြီး​စွာ​သော သတ်​ခြင်း​ပွဲ​ကို​လည်း​ကောင်း ခံ​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​ကို ဒဏ်​ပေး​ရ​သော​နေ့၊ အ​မျက်​တော်​ကို ဖြေ​ရ​သော​နေ့​ရက် ဖြစ်​သည်​နှင့်​အ​ညီ၊ ဓား​တော်​သည် ကိုက်​စား၍ ဝ​လိမ့်​မည်။ သူ​တို့​အ​သွေး​နှင့် ယစ်​မူး​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ မြောက်​မျက်​နှာ၌ ဥ​ဖ​ရတ်​မြစ်​နား​မှာ ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း​ရှိ၏။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ငှက်​အ​မျိုး​မျိုး​တို့​နှင့် မြေ​တိ​ရ​စ္ဆာန်​ခပ်​သိမ်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ စည်း​ဝေး၍​လာ​ကြ​လော့။ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၌ သင်​တို့​အ​ဖို့ ငါ​စီ​ရင်​သော​ယဇ်​ပွဲ​ကြီး​သို့ အ​ရပ်​ရပ်​တို့​က​စည်း​ဝေး၍၊ အ​သား​အ​သွေး​ကို သောက်​စား​ခြင်း​ငှာ လာ​ကြ​လော့။

ယု​ဘိ​လ​နှစ်​တွင် ထို​လယ်​သည်​အ​မှု​လွတ်​သော​အ​ခါ၊ ကျိန်​ဆို​သော​လယ်​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း၍ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။

အို ဇိ​အုန်​သ​တို့​သ​မီး၊ ထ၍ နယ်​လော့။ သင့်​ဦး​ချို​ကို သံ​ဖြင့်​လည်း​ကောင်း၊ သင့်​ခွာ​တို့​ကို ကြေး​ဝါ​ဖြင့်​လည်း​ကောင်း ငါ​ပြီး​စေ​မည်။ သင်​သည် လူ​မျိုး​များ​တို့​ကို ညက်​ညက်​ချေ​ရ​မည်။ သူ​တို့​တွင်​ရ​သ​မျှ​သော စည်း​စိမ်​ဥ​စ္စာ​ကို​ယူ၍၊ မြေ​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။

မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

အ​ကြင်​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မ​ချစ်၊ ထို​သူ​သည် အ​န​သေ​မာ​ဖြစ်​စေ​သ​တည်း။ သ​ခင်​ဘု​ရား​သည် ကြွ​လာ​တော်​မူ၏။-

ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ၊ ငါ​တို့၏ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော ပ​ညာ၊ နက်​နဲ​သော​အ​ရာ၌ ဝှက်​ထား​သော ဘု​ရား​သ​ခင်၏​ပ​ညာ​ကို ငါ​တို့​သည် ပြ​သ​ကြ၏။-

ပ​ညတ်​တ​ရား၏​အ​ကျင့်​ကို အ​မှီ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ကျိန်​နှင့် စပ်​ဆိုင်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​သော စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​တိုင်း ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​သ​တည်း​ဟု ကျမ်း​စာ​လာ၏။-

ပ​ညတ်​တ​ရား​မူ​ကား၊ ယုံ​ကြည်​ခြင်း​နှင့် မ​စပ်​ဆိုင်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည်၊ ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ဆို​သ​တည်း။-

ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ၌​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို သင့်​အား​သွန်​သင်၍၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လူ​မျိုး​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။

ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သန့်​ရှင်း​သူ​တို့​ကို အ​ထက်​က လုပ်​ကျွေး​သည်​သာ​မ​က၊ ယ​ခု​ပင် လုပ်​ကျွေး​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ ထို​သို့​ပြု​သော​အား​ဖြင့် နာ​မ​တော်​ကို​ထောက်၍ ပြ​သော​မေ​တ္တာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​သည်​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို ပြု​တော်​မူ​သည်​မ​ဟုတ်။-

ထို​နည်း​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်၊ တ​မန်​တို့​ကို​လက်​ခံ​ပြီး​မှ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်၍၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။-

နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။

ထို​သူ​တို့​သည် တောင်​ပေါ်​သို့​ရောက်​အောင်​သွား၍ လိုက်​ရှာ​သော​သူ​တို့ မ​ပြန်​မီ​တိုင်​အောင် သုံး​ရက်​နေ​ကြ၏။ ရှာ​သော​သူ​တို့​သည်​လည်း လမ်း​တစ်​လျှောက်​လုံး ရှာ၍​မ​တွေ့​ကြ။

သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။

ယ​ခု​သွား၍ ထို​အ​မျိုး​ကို​လုပ်​ကြံ​လော့။ နှ​မြော​ခြင်း​မ​ရှိ​ဘဲ၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ နို့​စို့​မှ​စ၍၊ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​တို့​ကို​သတ်​လော့​ဟု ရှော​လု​အား ဆင့်​ဆို​သည်​အ​တိုင်း၊

ကေ​နိ​လူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လျက်၊ သင်​တို့​ကို အာ​မ​လက်​လူ​တို့​နှင့်​အ​တူ ငါ​ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​အ​ထဲ​က ထွက်​သွား၍ နေ​ရာ​ပြောင်း​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ သင်​တို့​သည် ကျေး​ဇူး​ပြု​ကြ​ပြီ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ကေ​နိ​လူ​တို့​သည် အာ​မ​လက်​လူ​တို့​အ​ထဲ​က ထွက်​သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ