Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 6:15

Judson Bible

သ​တ္တ​မ​နေ့ နံ​နက်​စော​စော မိုး​လင်း​စ​က​ထ၍ အ​ရင်​နည်း​တူ၊ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်​ကြ၏။ ထို​နေ့၌​သာ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

မိုး​မ​လင်း​မီ အ​ကျွန်ုပ် အော်​ဟစ်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။

ဥ​ပုသ်​နေ့​လွန်၍ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် မိုး​လင်း​အံ့​ဆဲ​ဆဲ​အ​ချိန်၌၊ မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော မာ​ရိ​သည် သင်္ချိုင်း​တော်​ကို အ​ကြည့်​အ​ရှု​သွား​ကြ၏။-

ယေ​ရိ​ခေါ​မြို့​ကို ခု​နစ်​ရက်​ပတ်​လုံး​ဝိုင်း၍ လှည့်​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် မြို့​ရိုး​သည် ပြို​လဲ၏။-

ယော​ရှု​သည် နံ​နက်​စော​စော​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ရှိ​တ္တိမ်​မြို့​မှ​ပြောင်း၍ ယော်​ဒန်​မြစ်​ကို​မ​ကူး​မီ မြစ်​နား​တွင် စ​ခန်း​ချ​ကြ၏။

ဒု​တိ​ယ​နေ့၌ မြို့​ကို​တစ်​ကြိမ်​လှည့်​ပတ်​ပြီး​မှ တပ်​ထဲ​သို့ ပြန်​လာ​ကြ၏။ ထို​သို့ ခြောက်​ရက်​ပတ်​လုံး ပြု​ကြ၏။

သ​တ္တ​မ​အ​ကြိမ်​တွင် ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ယော​ရှု​က၊ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မြို့​ကို ပေး​တော်​မူ​မည်။

ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ