ထိုသို့ ထာဝရဘုရား၏သေတ္တာတော်သည် မြို့ကိုတစ်ကြိမ် လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ဝင်ပြန်၍ ညကိုလွန်စေကြ၏။
ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေခြင်းငှာ ငါမှာထားသောနေ့မရောက်မီတွင် မကြွေးကြော်ရ၊ အသံတစ်စုံတစ်ခုကိုမျှ မပြုရ၊ စကားတစ်ခွန်းကိုမျှ မပြောရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အားမှာနှင့်လေပြီ။
နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းယူကြ၏။
ဒုတိယနေ့၌ မြို့ကိုတစ်ကြိမ်လှည့်ပတ်ပြီးမှ တပ်ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံး လှည့်ပတ်ခြင်းအမှုကို ပြုရကြမည်။