လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးမှ၊ အနာမပျောက်မီတိုင်အောင် တပ်ထဲ၌ နေကြ၏။
ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ဓားလက်နက် တစ်ယောက်တစ်စင်းစီစွဲကိုင်လျက်၊ သတိမရှိသောထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။
သူတို့ကိုယ်စားဖြစ်စေတော်မူသော သူတို့၏သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရသေးသောကြောင့် ယောရှုသည် အရေဖျားလှီးမင်္ဂလာကိုပေးလေ၏။
ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့်ဆိုင်သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ်ရှင်းပြီဟု ယောရှုအားမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။