ယောရှု 5:6Judson Bibleအဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မီတိုင်အောင် ဣသရေလအမျိုးသားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော်မူ၏။ အခန်းကိုကြည့်ပါ။ |
မောရှေသည် ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်ကိုလည်းကောင်း၊ ဧဒြိပြည်၊ အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင် ဩဃကိုလည်းကောင်း လုပ်ကြံပြီးမှ၊ သက္ကရာဇ်လေးဆယ်ပြည့်၊ ဧကာဒသမလ၊ ပထမနေ့ရက်၌ မောဘပြည်၊ ယော်ဒန်မြစ်နားမှာ ထာဝရဘုရားမှာထားတော်မူနှင့်သမျှအတိုင်း၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူကား၊
သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်ချီးပေးတော်မူပြီ။ ဤတောကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ဘာမျှမလိုဟု ဆင့်ဆိုရ၏။