ယောရှုသည် ကျောက်ဓားများကိုလုပ်၍ ဂိဘာရာလုတ်အရပ်၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
ထိုအခါ၊ ဇိပေါရသည် ဓားကိုယူ၍ သား၏အရေဖျားကိုလှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပျပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်သည်ဟု ဆို၏။
ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။-
ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ဓားများကိုလုပ်ပြီးလျှင်၊ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တစ်ဖန်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊
ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအကြောင်းဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။