Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 5:2

Judson Bible

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် ကျောက်​ဓား​များ​ကို​လုပ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို တစ်​ဖန်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ၊ ဇိ​ပေါ​ရ​သည် ဓား​ကို​ယူ၍ သား၏​အ​ရေ​ဖျား​ကို​လှီး​ဖြတ်​ပြီး​မှ၊ လင်၏​ခြေ​ရင်း၌​ပျပ်​ဝပ်​လျက်၊ အ​ကယ်​စင်​စစ်​သင်​သည် အ​ကျွန်ုပ်၌ အ​သွေး​နှင့်​ယှဉ်​သော​လင်​ဖြစ်​သည်​ဟု ဆို၏။

အ​တွင်း​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်၏။ အ​ရေ​ဖျား​လှီး​ခြင်း​လည်း ကျမ်း​ဟောင်း​တ​ရား​အား​ဖြင့် မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​အား​ဖြင့် စိတ်​နှ​လုံး​နှင့် စပ်​ဆိုင်၏။ ထို​သို့​အ​ရေး​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၏​အ​ချီး​အ​မွမ်း​သည် လူ​အ​လို​နှင့် မ​ဆိုင်၊ ဘု​ရား​သ​ခင့်​အ​လို​တော်​နှင့် ဆိုင်​သ​တည်း။

အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​ဘဲ ယုံ​ကြည်​သော​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​ရှိ​သည်​ဟု မှတ်​စ​ရာ​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊-

သို့​ဖြစ်၍ သင်၏​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​လော့။ နောက်​တစ်​ဖန် ခိုင်​မာ​သော​လည်​ပင်း မ​ရှိ​စေ​နှင့်။

သင်​သည် အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​စေ​ခြင်း​ငှာ၊ သင့်​နှ​လုံး​နှင့် သင့်​အ​မျိုး၏ နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​တော်​မူ​လိမ့်​မည်။

ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊-

ယော​ရှု​သည် ကျောက်​ဓား​များ​ကို​လုပ်၍ ဂိ​ဘာ​ရာ​လုတ်​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ