Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 5:13

Judson Bible

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​အ​နား​မှာ​ရှိ​နေ​စဉ် မျှော်​ကြည့်၍၊ လူ​တစ်​ယောက်​သည် ဓား​ကို​ဓား​အိမ်​မှ ထုတ်​ကိုင်​လျက်၊ ကန့်​လန့်​ရပ်​နေ​သည်​ကို မြင်​လျှင်၊ သူ့​ထံ​သို့​သွား၍ သင်​သည် ငါ​တို့​ဘက်၌​နေ​သော​သူ​လော၊ ငါ​တို့​ရန်​သူ​ဘက်၌ နေ​သော​သူ​လော​ဟု​မေး​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် မံ​ရေ​သ​ပိတ်​တော​နား​မှာ၊ အာ​ဗြ​ဟံ​အား​ထင်​ရှား​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ နေ​ပူ​သော​အ​ချိန်​တွင် အာ​ဗြ​ဟံ​သည် တဲ​တံ​ခါး​ဝ၌​ထိုင်​လျက်၊

မျှော်​ကြည့်၍၊ မိ​မိ​ရှေ့​မှာ လူ​သုံး​ယောက်​ရပ်​နေ​ကြ​သည်​ကို​မြင်​သော​အ​ခါ၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ တဲ​တံ​ခါး​ဝ​မှ​ပြေး၍ မြေ​သို့​ဦး​ညွှတ်​ချ​လျက်၊

ယာ​ကုပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​လျှင်၊ အ​ကယ်​စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​ရပ်၌​ရှိ​တော်​မူ၏။ ရှိ​တော်​မူ​ကြောင်း​ကို​ငါ​မ​သိ။

ထို​အ​ခါ ယာ​ကုပ်​သည်​မျှော်​ကြည့်၍၊ အစ်​ကို​ဧ​သော​သည် လူ​လေး​ရာ​ပါ​လျက် ချီ​လာ​သည်​ကို​မြင်​လျှင်၊ လေ​အာ၊ ရာ​ခေ​လ၊ ကျွန်​မ​နှစ်​ယောက်​တို့​တွင် သား​များ​တို့​ကို​ဝေ​ပေး​လေ​၏။

ထို​နောက်၊ မျှော်​ကြည့်၍၊ မိန်း​မ​များ၊ သူ​ငယ်​များ​ကို​မြင်​လျှင်၊ သင်၌​ပါ​သော ဤ​သူ​တို့​သည်၊ အ​ဘယ်​သူ​နည်း​ဟု​မေး​သော်၊ ကိုယ်​တော်၏​ကျွန်​အား၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော သူ​ငယ်​ဖြစ်​ကြ​ပါ၏​ဟု​ပြန်​ပြော​ပြီး​မှ၊

ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​ကဲ့​သို့ ကြီး​စွာ​သော ဗိုလ်​ခြေ​ဖြစ်​သည်​တိုင်​အောင် တစ်​နေ့​ထက်​တစ်​နေ့ ဒါ​ဝိဒ်​ကို​ကူ​ညီ၍ ဝင်​စား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဓား​ကို ဓား​အိမ်၌​သွင်း​ထား​ပြန်၏။

ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ဓား​ကို ကြောက်​သော​ကြောင့်၊ ထို​ယဇ်​ပ​လ္လင်​သို့​သွား၍ ဘု​ရား​သ​ခင်​ကို မ​မေး​မ​လျှောက်​ဝံ့။

ငါ့​တ​မန်​သည် သင့်​ရှေ့၌​သွား၍ သင့်​ကို အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ​သို့ ဆောင်​သွင်း၍၊ သူ​တို့​ကို ပယ်​ရှင်း​မည်။

မျှော်​ကြည့်၍ ပိတ်​ချော​နှင့် ဥ​ဖတ်​ရွှေ​စင်​ခါး​ပန်း​ကို ဝတ်​စည်း​လျက်​ရှိ​သော လူ​တစ်​ဦး​ကို​မြင်၏။

ငါ​မျှော်​ကြည့်​သော်၊ ရှည်​လျား​သော ချို​နှစ်​ချောင်း​ရှိ​သော သိုး​တစ်​ကောင်​သည် မြစ်​တစ်​ဖက်၌ ရပ်​နေ၏။ ထို​ချို​နှစ်​ချောင်း​သည် မ​ညီ၊ တစ်​ချောင်း​သာ၍ ရှည်၏။ သာ၍ ရှည်​သော​ချို​သည် နောက်​ပေါက်​သ​တည်း။

ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌ ရပ်​နေ​သည်​ကို မြည်း​သည်​မြင်​လျှင်၊ လမ်း​လွှဲ၍ လယ်​သို့​ဝင်​လေ၏။ ဗာ​လမ်​လည်း မြည်း​ကို​လမ်း​သို့​ပြန်​စေ​ခြင်း​ငှာ ရိုက်​လေ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​မျက်​စိ​ကို​ဖွင့်​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌​ရပ်​နေ​သည်​ကို ဗာ​လမ်​သည်​မြင်​သ​ဖြင့် ဦး​ချ၍​ပျပ်​ဝပ်​လေ၏။

ထို​သို့​ကြွ​တော်​မူ​သည်​ကို တ​မန်​တော်​တို့​သည် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်​လျက် နေ​ကြ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ဖြူ​စင်​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက် တ​မန်​တော်​တို့​အ​နား​မှာ ပေါ်​လာ၍၊-

ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ယေ​ရိ​ခေါ​မြို့၊ ယေ​ရိ​ခေါ​မင်း​ကြီး​နှင့်​တ​ကွ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​ကို သင့်​လက်၌ ငါ​အပ်​လေ​ပြီ။

ထို​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ လူ​သား​တော်​နှင့် တူ​သော သူ​တစ်​ဦး​ကို​လည်း​ကောင်း မြင်၏။ ထို​သူ​သည်​ခြေ​သို့ တိုင်​အောင်​ဝတ်​ခြုံ​လျက်၊ ရင်​တော်၌ ရွှေ​ခါး​ပန်း​ကို စည်း​လျက်​ဖြစ်၏။-

မာ​နော်​သည်​ထ၍ မ​ယား​နှင့်​အ​တူ ထို​သူ​ထံ​သို့ သွား​ပြီး​လျှင်၊ သင်​သည် ဤ​မိန်း​မ​အား​ပြော​သော​သူ မှန်​သ​လော​ဟု မေး​သော်၊ မှန်​သည်​ဟု ဆို၏။

မာ​နော်​က​လည်း၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​သော​ကြောင့်၊ ဆက်​ဆက်​သေ​တော့​မည်​ဟု မ​ယား​အား​ပြော​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ