ခါနာန်ပြည် စပါးကိုစား၍၊ နက်ဖြန်နေ့၌ မန္နပြတ်လေ၏။ နောက်တစ်ဖန် ဣသရေလအမျိုးသားတို့သည် မန္နကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ဖြစ်သော အသီးအနှံကို စားရကြ၏။
ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့မရောက်မီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကိုစားကြ၏။ ခါနာန်ပြည်နယ်နိမိတ်သို့ မရောက်မီတိုင်အောင် မန္နကိုစားကြ၏။
သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏။ အပြစ်ရှိသောသူ၏ စည်းစိမ်မူကား၊ ဖြောင့်မတ်သောသူတို့အဖို့ သိုထားလျက်ရှိ၏။
ထိုပြည်၌ဖြစ်သော မုန့်ကိုစားကြသောအခါ၊ ထာဝရဘုရားအားချီမြှောက်ရာ ပူဇော်သကာကို ဆက်ရမည်။
သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှာ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
ပသခါပွဲကို ခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့်လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တစ်နေ့ချင်းတွင် စားရကြ၏။