ယောရှုသည် ခန့်ထားနှင့်သော ဣသရေလအမျိုး တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်ကိုခေါ်၍၊
သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြလော့။
လူများတို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်ကို ရွေးကောက်၍၊
သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရောဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တစ်ဆယ်နှစ်လုံးကိုယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ည စခန်းချရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှုအားမိန့်တော်မူသည်အတိုင်း၊
သင်တို့ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ လူတစ်ယောက် ကျောက်တစ်လုံးစီယူ၍ ထမ်းသွားကြလော့။