Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 4:3

Judson Bible

သူ​တို့​သည် ယော်​ဒန်​မြစ်​အ​လယ်၊ ယဇ်​ပု​ရော​ဟိတ်​တို့ မြဲ​မြံ​စွာ​နင်း​ရာ၊ ဤ​အ​ရပ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင် ထမ်း​သွား၍၊ ယ​နေ့​ည စ​ခန်း​ချ​ရာ​အ​ရပ်၌ ထား​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ပေး​သ​နား​တော်​မူ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​ပါ​မည်​ဟူ၍ သ​စ္စာ​ပြု​လေ၏။

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။

ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ဗိ​မာန်​တော်၌ ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​တော်​သည် ကောင်း​ကင်​ပေါ်​မှာ​တည်၏။ မျက်​စိ​တော်​သည် ကြည့်​ရှု၍ မျက်​ခမ်း​တော်​သည် လူ​သား​တို့​ကို​စစ်​တော်​မူ၏။

ယေ​ရှု​က​လည်း၊ ငါ​ဆို​သည်​ကား၊ ဤ​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​လျှင် ကျောက်​ခဲ​တို့​သည် ချက်​ချင်း ကြွေး​ကြော်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဤ​ကျောက်​သည် ငါ​တို့​အား​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သင်​တို့​အား သက်​သေ​ဖြစ်​ရ​လိမ့်​မည်​ဟု လူ​အ​ပေါင်း​တို့​အား​ပြော​ဆို​ပြီး​မှ၊

မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​ခြေ​ဖ​ဝါး​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​ကို​နင်း​သော​ခ​ဏ​ချင်း​တွင်၊ မြစ်​ညာ​ရေ​သည် ပြတ်၍ ပုံ့​ပုံ့​ကြွ​လျက်​နေ​လိမ့်​မည်​ဟု ဆို​လေ၏။

ယော​ရှု​သည် ခန့်​ထား​နှင့်​သော ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို​ခေါ်၍၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​အား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ ယော်​ဒန်​မြစ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​မှ၊ စ​ခန်း​ချ​ရာ​အ​ရပ်​သို့ ထမ်း​သွား၍ ထား​ကြ၏။

ထို​အ​ခါ ရှ​မွေ​လ​သည် ကျောက်​ကို​ယူ၍ မိ​ဇ​ပါ​မြို့​နှင့် ရှင်​မြို့​စပ်​ကြား​မှာ ထူ​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ယ​ခု​တိုင်​အောင် မ​စ​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​ကျောက်​ကို ဧ​ဗ​နေ​ဇာ​အ​မည်​ဖြင့် မှည့်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ