လူများတို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်ကို ရွေးကောက်၍၊
သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တစ်ဆယ်နှစ်လုံးကိုယူ၍၊
ဣသရေလအမျိုးသားတို့အား ငါပေးသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ၊ အမျိုးအနွယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တစ်မျိုးတစ်ယောက်စီရွေးကောက်၍ စေလွှတ်လော့ဟု၊
ခါနာန်ပြည်ကိုဝေ၍ သင်တို့အား အမွေပေးရကြမည်။
လျှောက်ဆိုသောစကားကို ငါနှစ်သက်၍၊ သင်တို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူပေါင်းတစ်ကျိပ်နှစ်ယောက်တို့ကို ရွေးထား၏။
သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြလော့။
သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရောဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တစ်ဆယ်နှစ်လုံးကိုယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ည စခန်းချရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှုအားမိန့်တော်မူသည်အတိုင်း၊