ယောရှု 4:19Judson Bibleပထမလ၊ ဒသမနေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲက တက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက်နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။ အခန်းကိုကြည့်ပါ။ |
မောရှေသည် ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်ကိုလည်းကောင်း၊ ဧဒြိပြည်၊ အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင် ဩဃကိုလည်းကောင်း လုပ်ကြံပြီးမှ၊ သက္ကရာဇ်လေးဆယ်ပြည့်၊ ဧကာဒသမလ၊ ပထမနေ့ရက်၌ မောဘပြည်၊ ယော်ဒန်မြစ်နားမှာ ထာဝရဘုရားမှာထားတော်မူနှင့်သမျှအတိုင်း၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူကား၊
ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလမြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ကျွန်တို့ကိုကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင်တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီးအပေါင်းတို့သည် ကျွန်တော်တို့ကိုတိုက်ခြင်းငှာ စည်းဝေးကြပါပြီဟု လျှောက်ကြ၏။