ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။
ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကိုလိုက်၍ ယေရိခေါလွင်ပြင်၌ မီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့်ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသောတပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။
ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါလွင်ပြင်၌ ဇေဒကိမင်းကိုမီ၍ ဖမ်းဆီးပြီးမှ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်၍၊
ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မီသဖြင့် ဇေဒကိမင်း၏စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့နေရာအရပ်သို့ မပို့မဆောင်မီတိုင်အောင်၊ ကျွန်တော်တို့သည်လက်နက်ကိုင်လျက် သူတို့ရှေ့မှာသွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော်တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။-
ထိုအခါ ငါက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဤမြေကို သင်တို့အားအပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားရကြမည်။
ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတစ်ဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက်ကိုစွဲကိုင်၍၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားကြ၏။
ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ယောရှုကိုချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကိုကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည်ကာလပတ်လုံး ကြောက်ရွံ့ကြ၏။
ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ်တွင်တပ်ချ၍၊ ထိုလ တစ်ဆယ်လေးရက်နေ့၊ ညဉ့်ဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကိုခံကြ၏။
ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တစ်ယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရားထံတော်၌ စည်းဝေးကြ၏။