Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 3:14

Judson Bible

လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​အံ့​သော​ငှာ၊ တဲ​တို့​မှ​ပြောင်း၍ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​ရှေ့​မှာ​သွား​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကျိန်း​ဝပ်​တော်​မူ​ရာ​သို့ ဘုန်း​တော်​နှင့်​ယှဉ်​သော ဓ​မ္မ​သေ​တ္တာ​နှင့်​တ​ကွ တက်​တော်​မူ​ပါ။

ထို​ကာ​လ​တွင် သင်​တို့​သည် ပြည်​တော်၌ တိုး​ပွား​များ​ပြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ဟူ၍ နောက်​တစ်​ဖန် မ​ပြော​မ​ဆို​ရ။ ထို​သေ​တ္တာ​တော်​ကို စိတ်​မ​စွဲ​လမ်း၊ မ​အောက်​မေ့၊ မ​ပြု​စု​ရ။ နောက်​တစ်​ဖန်​မ​လုပ်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဤ​ပ​ည​တ္တိ​ကျမ်း​စာ​သည် သင်​တို့​အ​မျိုး​တစ်​ဖက်၌ သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ ထို​စာ​ကို​ယူ၍ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် အ​နား​မှာ​တင်​ထား​ကြ​လော့။

ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။-

တစ်​ဖန် သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​သော​အ​ခါ၊ ယေ​ရိ​ခေါ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် သင်​တို့​ကို​စစ်​တိုက်၍ သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​လေ၏။

သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​လည်း​ကောင်း၊ သေ​တ္တာ​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း​မြင်​လျှင်၊ သင်​တို့​သည် နေ​ရာ​ပြောင်း၍ လိုက်​ရ​ကြ​မည်။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ လူ​များ​ရှေ့​သို့ ကူး​သွား​ကြ​လော့​ဟု ယော​ရှု​ဆို​သည်​အ​တိုင်း သူ​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း၍ လူ​များ​ရှေ့​သို့​သွား​ကြ၏။

နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ