ယောရှု 24:1Judson Bibleတစ်ဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန်စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင်ခြင်းငှာ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။
သင်တို့ကို ဒုက္ခဆင်းရဲ ဘေးဥပဒ်ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ဘုရားသခင်ကို ယနေ့ သင်တို့သည်ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှာ ချီးမြှောက်တော်မူပါဟု လျှောက်ကြပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ်ကြလော့ဟု ဣသရေလအမျိုးသားတို့အား ဆိုသဖြင့်၊