Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 23:2

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော​သူ​များ​နှင့်​တ​ကွ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​သည် အ​သက်​ကြီး​ရင့်၍ အို​မင်း​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​သက်​ကြီး​ရင့်၍ အို​သော​အ​ခါ အ​ဝတ်​ခြုံ၍ မ​နွေး​နိုင်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ​မင်း ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​တော်​မူ၏။

ရာ​မ​မြို့​သား​ရှိ​မိ​သည် စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​လည်း​ကောင်း၊ ရှိ​ဖ​မိ​မြို့​သား ဇ​ဗ​ဒိ​သည် စ​ပျစ်​သီး​နှင့် စ​ပျစ်​ရည်​တိုက်​တို့​ကို​လည်း​ကောင်း အုပ်​ရ၏။

တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။

သင်​တို့​အ​မျိုး​အ​နွယ် အ​သက်​ကြီး​သူ၊ အ​ရာ​ရှိ​သူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​မှာ စု​ဝေး​စေ​ကြ​လော့။ ဤ​စ​ကား​တို့​ကို သူ​တို့​အား​ဟော​ပြော၍ သူ​တို့​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်​မည်။

ယော​ရှု​သည် အို၍​အ​သက်​ကြီး​ရင့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အို၍​အ​သက်​ကြီး​ရင့်​ပြီ။ သိမ်း​ယူ​ရ​မည့်​မြေ​လည်း အ​များ​ကျန်​သေး၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ဤ​လူ​မျိုး​အ​ပေါင်း​တို့၌ ပြု​တော်​မူ​သ​မျှ​ကို သင်​တို့​သည် သိ​မြင်​ကြ​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ​ပြီ။

တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ရှေ​ခင်​မြို့၌ စည်း​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော သူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ၏။

ယ​ခု​မှာ ရှင်​ဘု​ရင်​သည် သင်​တို့​ရှေ့၌ ကြွ​နေ​တော်​မူ၏။ ငါ​သည် အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​ပြီ။ ငါ့​သား​တို့​သည် သင်​တို့၌​ရှိ​ကြ၏။ ငါ​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​နေ့​တိုင်​အောင် သင်​တို့​ရှေ့၌ သွား​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ