Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 22:4

Judson Bible

ယ​ခု​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ သင်​တို့​ပြန်၍ ကိုယ်​နေ​ရာ​အိမ်​သို့​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ ကိုယ်​ပိုင်​သော​မြေ​သို့​လည်း​ကောင်း သွား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည် မ​ဟုတ်​လော။ ပြည်​သူ​ပြည်​သား​တို့​ကို ငါ့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့၊ ထို​ဘု​ရား​သ​ခင်၏ လူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​သည် နှိမ့်​ချ​လျက်​ရှိ၏။

ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​မွေ​ခံ​ရ​သော​မြေ​ကို မ​ဝင်​စား​မီ​တိုင်​အောင် ကျွန်​တော်​တို့​သည် ကိုယ်​အိမ်​သို့​မ​ပြန်​မ​လာ​ပါ။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​ချမ်း​သာ​ထဲ​သို့ သင်​တို့​သည် မ​ဝင်​ရ​ကြ​သေး။

သူ​တို့​ပြည်​ကို သိမ်း​ယူ​ပြီး​မှ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်၌ ပေး​လေ၏။

ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။-

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​နေ​ရာ​ချ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား နေ​ရာ​ချ​တော်​မ​မူ​မီ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်၊ သင်​တို့​တွင် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လက်​နက်​ကိုင်​လျက်၊ သင်​တို့​ညီ​အစ်​ကို​များ​ရှေ့​မှာ ကူး၍​မ​စ​ရ​ကြ​မည်​ဟူ​သော စ​ကား​ကို အောက်​မေ့​ကြ​လော့။ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် ယော်​ဒန်​မြစ် နေ​ထွက်​ရာ​ဘက်၌​ပေး၍၊ သင်​တို့​ပိုင်​သော​ပြည်​သို့ ပြန်၍​ဝင်​စား​ရ​ကြ​မည်​ဟု ပြော​ဆို၏။

ထို​ရှင်​ဘု​ရင်​နှစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် သူ​တို့​ပြည်​ကို ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​လေ၏။

မော​ရှေ​သည်၊ ရု​ဗင်​အ​မျိုး​သား​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော​ပြည်​များ​ဟူ​မူ​ကား၊

ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ရှေ​ပေး​သည်​အ​တိုင်း မိ​မိ​တို့​အ​မွေ​မြေ​ကို​ခံ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

ယ​နေ့​တိုင်​အောင် ကြာ​မြင့်​စွာ​သော​ကာ​လ​ပတ်​လုံး သင်​တို့​သည် ညီ​အစ်​ကို​များ​ကို မ​စွန့်​ဘဲ​နေ၍၊ သင်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​မှာ​ထား​တော်​မူ​သ​မျှ​ကို စောင့်​ရှောက်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ