Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 22:26

Judson Bible

သို့​ဖြစ်၍ ငါ​တို့​သည် ယဇ်​ပ​လ္လင်​ကို​တည်​ခြင်း​ငှာ ပြင်​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို ပူ​ဇော်​မည်​အ​ကြံ ရှိ​သည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​အ​လယ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပူ​ဇော်​ရာ​ယဇ်​ပ​လ္လင်​ရှိ​လိမ့်​မည်။ ပြည်​စွန်း​နား​တွင်​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မှတ်​တိုင်​ရှိ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌​ပိုင်း​ခြား​လျက် ယော်​ဒန်​မြစ်​ကို ထား​တော်​မူ​ပြီ။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​လျှင်း​မ​ဆိုင်​ကြ​ဟု ငါ​တို့​သား​မြေး​တို့​အား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သား​မြေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​ဘဲ​နေ​စေ​မည်​အ​ကြောင်း၊ သင်​တို့​သား​မြေး​တို့​သည် ပြု​ကြ​မည်​ဟု​စိုး​ရိမ်၍ ဤ​အ​မှု​ကို ပြု​ပြီ​မ​ဟုတ်​လော။

ငါ​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​အ​မျိုး​မျိုး​ကို ပြု​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​ကို ရှေ့​တော်၌ ဆောင်​ရွက်​ခြင်း​ငှာ​လည်း​ကောင်း၊ နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​လျှင်း​မ​ဆိုင်​ကြ​ဟု ငါ​တို့​သား​မြေး​တို့​အား မ​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​ယဇ်​ပ​လ္လင်​သည် ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၊ ငါ​တို့​သား​မြေး​နှင့် သင်​တို့​သား​မြေး​စပ်​ကြား​မှာ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ တည်​ကြ​ပါ​ပြီ။

တဲ​တော်​ရှေ့၌​ရှိ​သော ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​တော်​မှ​တစ်​ပါး အ​ခြား​သော​ယဇ်​ပ​လ္လင်​ကို တည်၍ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မျိုး​ကို ပြု​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်၍ နောက်​တော်​သို့​မ​လိုက်၊ လွှဲ​သွား​ခြင်း​အ​မှု​သည် ငါ​တို့​နှင့် ဝေး​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။

ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ