Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 22:24

Judson Bible

နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ အို ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

သို့​ဖြစ်၍၊ နောင်​ကာ​လ၌​ကျွန်ုပ်၏​အ​ခ​သည်၊ အ​ဘ​ရှေ့​သို့​ရောက်​သော​အ​ခါ၊ ကျွန်ုပ်၏​ဖြောင့်​မတ်​ခြင်း​သည် ကျွန်ုပ်​ကို​စောင့်​ရှောက်​ပါ​လိမ့်​မည်။ မ​ပြောက်​မ​ကျား​သော​ဆိတ်၊ မ​ညို​သော​သိုး​ရှိ​သ​မျှ​တို့​ကို၊ ကျွန်ုပ်​ခိုး​သော​အ​ကောင်​ဟူ၍ မှတ်​စေ​လော့​ဟု ဆို​လေ၏။

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊

ထို​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​မည်​အ​ကြံ​ရှိ​လျှင်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် စစ်​ကြော​တော်​မူ​ပါ​စေ။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌​ပိုင်း​ခြား​လျက် ယော်​ဒန်​မြစ်​ကို ထား​တော်​မူ​ပြီ။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​လျှင်း​မ​ဆိုင်​ကြ​ဟု ငါ​တို့​သား​မြေး​တို့​အား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သား​မြေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​ဘဲ​နေ​စေ​မည်​အ​ကြောင်း၊ သင်​တို့​သား​မြေး​တို့​သည် ပြု​ကြ​မည်​ဟု​စိုး​ရိမ်၍ ဤ​အ​မှု​ကို ပြု​ပြီ​မ​ဟုတ်​လော။

သို့​ပြု​လျှင် သက်​သေ​ကို​ရ​ကြ​လိမ့်​မည်။ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ