Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 22:23

Judson Bible

ထို​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​မည်​အ​ကြံ​ရှိ​လျှင်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် စစ်​ကြော​တော်​မူ​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။

ထို​သို့ ယော​ရှ​မင်း​ကြီး​သည် ဇာ​ခ​ရိ​အ​ဘ ယော​ယ​ဒ​ပြု​သော​ကျေး​ဇူး​ကို မ​အောက်​မေ့၊ သား​ကို သတ်​လေ​သည်​တ​ကား။ ဇာ​ခ​ရိ​သေ​သော​အ​ခါ၊ ဤ​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည် ကြည့်​ရှု​စစ်​ကြော​တော်​မူ​မည်​ဟု ဆို၏။

သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။

သို့​မ​ဟုတ် ကင်း​စောင့်​ထား​သော​သူ​သည် ဓား​ဘေး​ရောက်​ကြောင်း​ကို မြင်​လျက် တံ​ပိုး​မ​မှုတ်၊ ပြည်​သား​တို့​အား အ​သိ​မ​ပေး​သော​ကြောင့် ဓား​ဘေး​ရောက်၍ တစ်​စုံ​တစ်​ယောက်​သော​သူ အ​သက်​ဆုံး​လျှင်၊ ထို​သူ​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​သော်​လည်း၊ သူ၏​အ​သက်​ကို ကင်း​စောင့်​သော​သူ၌ ငါ​တောင်း​မည်။

ငါ​သည် လူ​ဆိုး​အား၊ အို လူ​ဆိုး၊ အ​ကယ်​စင်​စစ် သင်​သည် အ​သေ​ခံ​ရ​မည်​ဟု ဆို​သော​အ​ခါ ဆိုး​သော​သူ​ကို သူ၏​လမ်း​မှ လွှဲ​စေ​ခြင်း​ငှာ သင်​သည် သ​တိ​မ​ပေး​လျှင်၊ ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​အ​သက်​ကို သင်၌​ငါ​တောင်း​မည်။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

ထို​ပ​ရော​ဖက်​သည် ငါ့​အ​ခွင့်​နှင့် ဟော​ပြော​သော ငါ့​စ​ကား​တို့​ကို အ​ကြင်​သူ​သည် နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​ကို ငါ​စစ်​ကြော​မည်။

နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ အို ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။

သ​စ္စာ​ပျက်​လျှင် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ပေး​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်၏ အ​မျိုး​အ​နွယ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ