Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 22:18

Judson Bible

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ နက်​ဖြန်​နေ့ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်​တော်​မူ​လျှင်၊ စာ​တန်​သည် ရန်​ဘက်​ပြု၍ ဣ​သ​ရေ​လ​လူ​နှင့် ယု​ဒ​လူ​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​တိုက်​တွန်း​လေ၏။

သို့​မ​ဟုတ် သင်​နှင့် သင်၏​သား​မြေး​တို့​သည် ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​လျက် ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး​ကို ဒါ​ဝိဒ်​မင်း​မျိုး​မှ​ဆုတ်​ဖဲ့၍၊ သူ​တို့​သည် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ရော​ဗောင်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့​လိုက်​ရာ​လမ်း​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို လွှဲ​စေ၍ ဒု​စ​ရိုက်​ကြီး​ကို ပြု​စေ၏။

နောက်​တစ်​ဖန် စာ​တန်​သည် ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို တိုက်​တွန်း​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ ကာ​လ​နာ​ကို​လွှတ်​လိုက်​တော်​မူ၍ လူ​ခု​နစ်​သောင်း သေ​ကြ၏။

အာ​မ​ဇိ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ လွှဲ​သွား​သော​နောက်၊ သူ၏​တစ်​ဖက်၊ ယေ​ရု​ရှ​လင်​မြို့၌ သင်း​ဖွဲ့​ကြ၍၊ သူ​သည် လာ​ခိ​ရှ​မြို့​သို့ ပြေး​သည်​တွင်၊ ထို​မြို့​သို့​စေ​လွှတ်၍ သတ်​စေ​ပြီး​မှ၊

ယော​ရှိ​မင်း​သည်​လည်း၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော ပြည်​အ​ရပ်​ရပ်​တို့​မှ ပယ်​ရှား၍၊ ဣ​သ​ရေ​လ​ပြည်၌​နေ​သော​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်​အ​ကြောင်း၊ စီ​ရင်​တော်​မူ​သ​ဖြင့်၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး သူ​တို့​သည် မ​ဖောက်​ပြန်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​လျက်​နေ​ကြ၏။

မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​လည်း​သေ​မည်။ လူ​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သင့်​ရောက်​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ သင်​တို့​ဦး​ထုပ်​ကို မ​ချွတ်​နှင့်။ အ​ဝတ်​ကို​မ​ဆုတ်​နှင့်။ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော မီး​လောင်​ခြင်း​ကို​သာ ငို​ကြွေး​မြည်​တမ်း​ကြ​စေ။

သူ​တို့​က​ပျပ်​ဝပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​များ​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ လူ​တစ်​ယောက်​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်​လော​ဟု လျှောက်​ဆို​လေ၏။

သင်​တို့​သည် နောက်​တော်​သို့​မ​လိုက်​ဘဲ လွှဲ​သွား​ကြ​လျှင်၊ တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တော၌​စွန့်​ပစ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် ဤ​လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု ဂဒ်​အ​မျိုး​သား၊ ရု​ဗင်​အ​မျိုး​သား​တို့​အား ပြန်​ပြော၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သင်၏​သား​ကို ငါ၌​မ​ဆည်း​မ​ကပ်​စေ​ဘဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား ဝတ်​ပြု​စေ​ခြင်း​ငှာ သွေး​ဆောင်​ကြ​လိမ့်​မည်။ ထို​အ​ခါ အ​မျက်​ထွက်၍ သင်​တို့​ကို ချက်​ချင်း​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

ထို​မင်း​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ရှိ​ရာ ဂိ​လဒ်​ပြည်​သို့​ရောက်၍၊

ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါင်း​တို့ မှာ​လိုက်​သည်​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ ယဇ်​ပ​လ္လင်​ကို တည်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်၊ ယ​နေ့​လွှဲ​သွား​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​အ​ပြစ်​ကား အ​ဘယ်​သို့​နည်း။

ဇေ​ရ​သား​အာ​ခန်​သည် ကျိန်​အပ်​သော​အ​ရာ၌ ပြစ်​မှား၍ အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော။ ထို​သူ​သည် ပြစ်​မှား​သော​အ​ပြစ်​ကြောင့် တစ်​ယောက်​တည်း​သာ သေ​ရ​သည်​မ​ဟုတ်​ဟု ဆို​ကြ၏။

သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား​ပြီ။ ငါ​မှာ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လေ​ပြီ။ ကျိန်​အပ်​သော​အ​ရာ​ကို ခိုး​ယူ၍ ပ​ရိ​ယာယ်​ပြု​သ​ဖြင့် မိ​မိ​ဥ​စ္စာ​ထဲ​မှာ​ထား​လေ​ပြီ။

လု​ယူ​သော​ဥ​စ္စာ​တို့​တွင် မြတ်​သော​ဗာ​ဗု​လုန်​ဝတ်​လုံ၊ ငွေ​နှစ်​ပိဿာ၊ ရွှေ​တုံး​အ​ကျပ်​ငါး​ဆယ်​ကို ကျွန်​တော်​မြင်​သ​ဖြင့်၊ တပ်​မက်၍ သိမ်း​ယူ​မိ​ပါ​ပြီ။ ကျွန်​တော်​တဲ​အ​တွင်း မြေ၌​မြှုပ်​လျက် ငွေ​သည်​အောက်​ဆုံး​ရှိ​ပါ​သည်​ဟု ယော​ရှု​အား ပြန်​လျှောက်​လေ၏။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဝတ်​ပြု​ခြင်း​နှင့်​တ​ကွ အာ​ဏာ​တော်​ကို မ​ဆန်၊ စ​ကား​တော်​ကို နား​ထောင်​လျှင် သင်​တို့​နှင့် သင်​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ အ​မြဲ​လိုက်​ကြ​လိမ့်​မည်။

ရှ​မွေ​လ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ဒု​စ​ရိုက်​အ​ပေါင်း​ကို ပြု​မိ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ မ​လွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ