Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 22:10

Judson Bible

ခါ​နာန်​ပြည်၊ ယော်​ဒန်​မြစ်​နား​သို့ ရောက်​သော​အ​ခါ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ထင်​ရှား​စွာ​သော ယဇ်​ပ​လ္လင်​ကြီး​ကို တည်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။

ထို​အ​ရပ်​မှ​သွား​ပြန်၍၊ ဗေ​သ​လ​မြို့​အ​ရှေ့၌​ရှိ​သော​တောင်​သို့ ပြောင်း​သ​ဖြင့်၊ ဗေ​သ​လ​မြို့​အ​ရှေ့၊ အာ​ဣ​မြို့​အ​နောက်​စပ်​ကြား​မှာ တဲ​ကို​ဆောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။

နံ​နက်​စော​စော ယာ​ကုပ်​သည်​ထ​၍၊ ခေါင်း​အုံး​သော ကျောက်​ကို​ယူ​သ​ဖြင့်၊ မှတ်​တိုင်​ဖြစ်​စေ​လျက် ထူ​ထောင်​ပြီး​လျှင်၊ ကျောက်​ထိပ်​ဖျား​အ​ပေါ်၌ ဆီ​ကို​လောင်း​လေ​၏။

ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​အ​လယ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပူ​ဇော်​ရာ​ယဇ်​ပ​လ္လင်​ရှိ​လိမ့်​မည်။ ပြည်​စွန်း​နား​တွင်​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မှတ်​တိုင်​ရှိ​လိမ့်​မည်။

ထို​သို့ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ခါ​နာန်​ပြည်​တစ်​ဖက်၊ ယော်​ဒန်​မြစ်​နား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ကူး​ရာ​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို တည်​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​တင်း​ကြား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ပိုင်​ထိုက်​သော​မြေ၊ ဂိ​လဒ်​ပြည်​သို့​သွား​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​ရာ ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​မှ ထွက်​သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ