ယောရှု 22:1Judson Bibleတစ်ဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့ကိုခေါ်၍၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် သင်တို့အားနေရာချသည်အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမီ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမီတိုင်အောင်၊ သင်တို့တွင် ခွန်အားကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရဘုရား၏ကျွန်မောရှေသည် ယော်ဒန်မြစ် နေထွက်ရာဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ဝင်စားရကြမည်ဟု ပြောဆို၏။