Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 21:8

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ ထို​မြို့​တို့​ကို​မြို့​နယ်​နှင့်​တ​ကွ လေ​ဝိ​သား​တို့​အား​ပေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှိ​မောင်​နှင့် လေ​ဝိ​သည်​ညီ​အစ်​ကို​ဖြစ်​၏။ အ​ဓ​မ္မ​အ​မှု​ကို​ကြံ​သည်​အ​တိုင်း ပြီး​စီး​ကြ​ပြီ။

သူ​တို့​ပြင်း​စွာ​ထွက်​သော​အ​မျက်၊ ကြမ်း​တမ်း​စွာ​သော​ဒေါ​သ​သည် ကျိန်​ခြင်း​ကို ခံ​ပါ​စေ​သော။ ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်​သား​တို့​တွင် သူ​တို့​ကို ငါ​ကွဲ​ပြား ပြန့်​လွင့်​စေ​မည်။

စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

စာ​ရေး​တံ​ပြု​ခြင်း​အား​ဖြင့် အ​ငြင်း​အ​ခုံ​ငြိမ်း၍၊ အား​ကြီး​သော​သူ​တို့​အ​မှု​ကို ဆုံး​ဖြတ်​တတ်၏။

မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ အ​စ​ရှိ​သော ပ​ရိ​သတ်​တို့​တွင် မင်း​များ​တို့​ထံ​သို့​လာ၍၊

သင်​တို့​အ​ဆွေ​အ​မျိုး​တို့​အား စာ​ရေး​တံ​ချ၍ ထို​မြေ​ကို​ဝေ​ရ​မည်။ လူ​များ​လျှင်​များ​သော​မြေ၊ လူ​နည်း​လျှင် နည်း​သော​မြေ​ကို ပေး​ရ​မည်။ အ​သီး​အ​သီး​တို့​သည် စာ​ရေး​တံ​ကျ​သည်​အ​တိုင်း၊ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။

ထို​မြို့​တို့​သည် လေ​ဝိ​သား​နေ​စ​ရာ​ဖို့​ဖြစ်၍၊ မြို့​ပတ်​လည်​နယ်​တို့၌ သိုး​နွား အ​စ​ရှိ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​ထား​ရ​မည်။

ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ပြီး​မှ၊ ပြည်​ပုံ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မိ​မိ​တို့​အ​မွေ​ခံ​ရ​သော​မြေ​ထဲ​က၊ မြို့​နှင့် မြို့​နယ်​တို့​ကို​ပေး​ကြ၏။

မေ​ရာ​ရိ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ရု​ဗင်​ခ​ရိုင်၊ ဂဒ်​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က၊ ဆယ်​နှစ်​မြို့​ကို​ရ​ကြ၏။

ယု​ဒ​အ​မျိုး​သား​ခ​ရိုင်၊ ရှိ​မောင်​အ​မျိုး​သား​ခ​ရိုင်​ထဲ​က​ပေး၍ လေ​ဝိ​သား​ဖြစ်​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ