ကြွင်းသောကောဟတ်သားတို့သည် ဧဖရိမ်ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင်ဝက်ထဲက ဆယ်မြို့ကိုရကြ၏။
လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊
ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့သည် စာရေးတံအားဖြင့်၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။
ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။
စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကိုရကြ၏။