ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသောမြေထဲက၊ မြို့နှင့် မြို့နယ်တို့ကိုပေးကြ၏။
သူတို့ပြင်းစွာထွက်သောအမျက်၊ ကြမ်းတမ်းစွာသောဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
ထိုသို့လေဝိသားတို့အား ပေးရသောမြို့ပေါင်းကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ ဖြစ်သတည်း။
အကျွန်ုပ်တို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ တိရစ္ဆာန်များတို့မြို့နယ်တို့ကိုလည်းကောင်း ပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေအားဖြင့်မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊
စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
ဣသရေလအမျိုးသား နေရာနိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။