လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့ဖြစ်စေခြင်းငှာ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။
တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတစ်ပိဿာအဖိုးပေး၍ ဝယ်ရသတည်း။
ဒါဝိဒ်သည်ပြု၍ ဖိလိတ္တိလူတို့ကို ဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။
ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်းသွား၏။
ပြေး၍ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။
ထိုအခါ ဂေဇာမင်းကြီးဟောရံသည်၊ လာခိရှမြို့ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်းကြီးနှင့် သူ၏လူအပေါင်းတို့ကို တစ်ယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။
ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။
သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ်မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒတောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့တို့ကိုလည်းကောင်း၊
ထိုမှတစ်ပါး ဂေဇာမြို့နှင့် မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း၊
မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သားတစ်ယောက် ရှိ၏။
ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်းတို့နှင့် နှုတ်ဆက်လျက်၊