အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသောမြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။
ပြေး၍မှီခိုရာ ဟေဗြုန်မြို့မှတစ်ပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတမောမြို့နှင့် မြို့နယ်၊
အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း ပေးကြ၏။
ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ်သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲက ရသည်အတိုင်း၊