အာရုန်၏သားမြေးတို့သည် ပထမစာရေးတံအားဖြင့်ရသော မြို့တို့၏အမည်များဟူမူကား၊
အာရုန်၏သားမြေးဖြစ်သော ကောဟတ်အဆွေအမျိုးတို့သည်၊ စာရေးတံပြုသောအားဖြင့် ရ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား၊
ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တစ်ရာသုံးဆယ်သုံးနှစ်ရှိသတည်း။
မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။
လေဝိအမျိုး၊ ကောဟတ်အနွယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ၊ အာဘနေသောမြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။
စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲကပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊