သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူကား၊ ထိုသူသည် မိမိအဖော်ကို အငြိုးမထားဘဲ အမှတ်တမဲ့သတ်မိ၏။
ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမီတိုင်အောင်၊ သေစားသေစေသောသူ၏ လက်မှလွတ်၍ မှီခိုရာမြို့ဖြစ်ရသတည်း။
သတ်သောသူကို သေစားသေစေသောသူ၏လက်မှနုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဓမ္မဆီလောင်းခြင်းကိုခံရသော ယဇ်ပုရောဟိတ်မင်း မသေမီတိုင်အောင် ထိုမြို့၌နေရမည်။