ထိုမြို့ တစ်စုံတစ်မြို့သို့ ပြေးသောသူသည် မြို့တံခါးဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြားပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
ငါသည်မြို့အလယ်၌ လျှောက်၍၊ မြို့တံခါးသို့သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကိုခံရသောအခါ ကယ်နုတ်သောသူ တစ်ယောက်မျှမရှိ။
ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ဝိညာဉ်ကိုလည်းကောင်း၊ လူအသက်ကိုသတ်သော သူတို့နှင့်အတူ အကျွန်ုပ်အသက်ကိုလည်းကောင်း ချုပ်ထားတော်မမူပါနှင့်။
သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့် ထိုင်၍၊ ထင်ရှားသောသူဖြစ်ရ၏။
ထိုသို့ ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒမေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊
အကြောင်းမူကား၊ ဘုရားသခင်သည် မုသားမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ထားသော မျှော်လင့်ရာကို ခိုလှုံခြင်းငှာ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။-
လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။