Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 20:3

Judson Bible

လူ​အ​သက်​ကို သတ်​မည်​ဟု အ​ကြံ​မ​ရှိ​ဘဲ အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည် ပြေး၍ မှီ​ခို​ရာ​မြို့​တို့​ကို ရွေး​ထား​ကြ​လော့။ သေ​စား​သေ​စေ​သော​သူ​လက်​နှင့် လွတ်၍ မှီ​ခို​ရာ​မြို့ ဖြစ်​ရ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​က၊ သေ​စား​သေ​စေ​သော​သူ​တို့​သည် ကျွန်​တော်​မ၏​သား​ကို​သတ်​မည်​ဟု စိုး​ရိမ်​ပါ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​ထူး​သ​ဖြင့် မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​တော်​မူ​ပါ​ဟု လျှောက်​ပြန်​သော်၊ ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​သား၏​ဆံ​ပင်​တစ်​ပင်​မျှ မြေ​ပေါ်​သို့​မ​ကျ​ရ​ဟု မိန့်​တော်​မူ၏။

ထို​မြို့​တို့​ကား၊ လူ​အ​သက်​ကို​သတ်​သော​သူ​သည် ပ​ရိ​သတ်​ရှေ့​သို့​ရောက်၍၊ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​မီ​တိုင်​အောင်၊ သေ​စား​သေ​စေ​သော​သူ၏ လက်​မှ​လွတ်၍ မှီ​ခို​ရာ​မြို့​ဖြစ်​ရ​သ​တည်း။

သေ​စား​သေ​စေ​သော​သူ​သည် လူ​သတ်​ကို​တွေ့​သော​အ​ခါ၊ ကိုယ်​တိုင်​သတ်​ရ​မည်။

သို့​မ​ဟုတ် မုန်း​သော​စိတ်​မ​ရှိ​ဘဲ အ​မှတ်​တ​မဲ့​တွန်း​ချ​သော်​လည်း​ကောင်း၊ မ​ချောင်း​မြောင်း​ဘဲ တစ်​စုံ​တစ်​ခု​နှင့် ပစ်​မိ​သော်​လည်း​ကောင်း၊

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။-

သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သည်​အ​တိုင်း၊

ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့ ပြေး​သော​သူ​သည် မြို့​တံ​ခါး​ဝ၌​ရပ်၍၊ ထို​မြို့၌ အ​သက်​ကြီး​သူ​တို့​အား မိ​မိ​အ​မှု​ကို ကြား​ပြော​သော​အ​ခါ၊ သူ​တို့​သည် မြို့​ထဲ​သို့​ခေါ်၍ သူ​တို့​ထံ​မှာ နေ​ရာ​ချ​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ